Contact us on +95 9 977 160671 or info@bcncl.com

BCN Leave Policy

August 13, 2025

ခွင့်ခံစားခွင့်များ

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဆိုင်ရာခံစားခွင့်များ

 ဝန်ထမ်းတိုင်း မိမိတို့၏ ကိုယ်ရေးကိုယ်တာကိစ္စများ၊ ကျန်းမာရေးကိစ္စများအတွက် သတ်မှတ်ခွင့်များကို ခွင့်ပြုချက်နှင့်အညီ၊ လိုအပ်သည့်အထောက်အထားအပြည့်အစုံနှင့် လိုအပ်သည့်အခြေအနေတွင် အသုံးပြုခွင့်ရှိပါသည်။  သတ်မှတ်ထားသည့်အတိုင်း ကြိုတင်တောင်းခံခြင်းမရှိပဲ မမှန်မကန်သည့် သဘောထားဖြင့် ခွင့်ယူခြင်းများကို သိရှိပါက ခွင့်မဲ့သတ်မှတ်ပြီး လစာ ၏ ၂၅ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်သည်။


ရှောင်တခင်ခွင့်

 လုပ်သက် (၃) လအထက် ဝန်ထမ်းများအနေဖြင့် တစ်နှစ်လျှင် ရှောင်တခင်ခွင့်ရက် (၆)ရက်ကို အချိုးကျခံစားခွင့်ရှိသည်။ အထူးအရေးပေါ်ကိစ္စရပ်များ၊ မလွှဲမရှောင်သာကိစ္စရပ်များကိုသာ ရှောင်တခင်ခွင့်အဖြစ်သတ်မှတ်ပေးမည် ဖြစ်သည်။ တစ်ကြိမ်လျှင် အများဆုံး (၃)ရက်ခွင့်ပြုသည်။ သို့ရာတွင် ခိုင်လုံသောအကြောင်းပြချက်ဖြင့်  အကြောင်းထူးကိစ္စရပ်ဖြင့် ခရီးဝေးသွားရောက်ရန် (သို့မဟုတ်) မိမိ ကိုးကွယ်သည့် ဘာသာရေးဆိုင်ရာ ဓလေ့ထုံးထမ်းအစဉ်အလာ အရ အကြောင်းထူးကိစ္စရပ်များကိုသာ တဆက်တည်း (၃)ရက်ခွင့်ပြုမည် ဖြစ်သည်။ ရှောင်တခင်ခွင့်ကို မည်သည့်ခွင့်အမျိုးအစားနှင့်မျှ ဆက်စပ် ခံစားခွင့်မပြု။ သက်ဆိုင်ရာနှစ်အတွင်းမယူလျှင် ပျက်ပြယ်သည်။

မိသားစုကျန်းမာရေးကြောင့် ရှောင်တခင်ခွင့် ယူခဲ့ပါက သက်ဆိုင်ရာ မိသားစု ကျန်းမာရေးမှတ်တမ်းကို ပူးတွဲတင်ပြရမည်ဖြစ်သည်။


လုပ်သက်ခွင့်

 လုပ်သက်တစ်နှစ်ရှိသော ဝန်ထမ်းတိုင်းသည် တစ်နှစ်လျှင် လစာဖြင့် လုပ်သက်ခွင့် (၁၀)ရက်ခံစားခွင့် ရှိပြီး အောက်ဖော်ပြပါအတိုင်း သတ်မှတ်ချက်နှင့်အညီ ကြိုတင်၍ ခွင့်တိုင်ကြားရမည်။ အလုပ်လုပ်ရက် ရက်(၂၀) မရှိသောလတိုင်းအတွက် လုပ်သက်ခွင့်ရက်မှ တစ်ရက်ကျစီ နှုတ်ယူမည်ဖြစ်သည်။ သတ်ဆိုင်ရာနှစ်အတွင်း မယူလျှင် ပျက်ပြယ်မည်ဖြစ်သည်။

ခွင့်ရက်ကြိုတင်တိုင်ကြားရမည့်ရက်
(၁) ရက်(၁) ရက်
(၃) ရက်(၃) ရက်
(၅) ရက်(၅) ရက်
(၁၀) ရက်(၁) လ


ဆေးခွင့်

 လုပ်သက် (၆)လပြည့်ပြီးသူများသည် အခြေခံလစာဖြင့် နာမကျန်းခွင့် (၁၀)ရက်ခံစားခွင့်ရှိပြီး တာဝန်ပြန်လည် ထမ်းဆောင်သောနေ့တွင် ဆေးမှတ်တမ်း၊ ဆရာဝန်၏ဆေးခွင့်ထောက်ခံစာ တင်ပြနိုင်ရမည်။ ဆေးရုံတက်ခွင့် (၂၀) ရက်ခံစားခွင့်ရှိပြီး တာဝန်ပြန်လည်ထမ်းဆောင်သောနေ့တွင် ဆေးရုံဆင်းလက်မှတ် တင်ပြနိုင်ရမည်။ လုပ်သက်(၆)လအောက်ဝန်ထမ်းများသည် လစာမဲ့ခွင့်အနေဖြင့်သာခံစားခွင့်ရှိသည်။


မီးဖွားခွင့်

           လုပ်သက် (၆)လပြည့်ပြီးသူများသည် အခြေခံလစာဖြင့် မီးမဖွားမီ(၆)ပတ်၊ မီးဖွားပြီး(၈)ပတ် ခံစားခွင့်ရှိသည်။            

                           

ခွင့်တိုင်ကြားခြင်း

         

ဝန်ထမ်းများအားလုံး ခွင့်ကို Leave Application တွင် သတ်မှတ်ချက်များနှင့်အညီ ထည့်သွင်းပြီး သက်ဆိုင်ရာတာဝန်ခံထံသို့ ဖုန်းဆက်တိုင်ကြားရမည်ဖြစ်ပါသည်။ သတ်မှတ်ချက်နှင့်အညီ တိုင်ကြားခြင်း မရှိသော ခွင့်များအားလုံးကို လစာမဲ့ခွင့်အဖြစ်သတ်မှတ်မည်ဖြစ်ပါသည်။