Contact us on +95 9 977 160671 or info@bcncl.com

Digital Accountant

သင့်လုပ်ငန်းအတွက် ကိုယ်ပိုင်စာရင်းကိုင် တစ်ယောက်ကဲ့သို့ ဝန်ဆောင်မှုပေးမည့် Digital Accountant

Digital Accountant ဝန်ဆောင်မှုအား အသုံးပြုရန်အတွက် လူကြီးမင်းတို့ လုပ်ငန်းမှ အချက်အလက်များအား နေ့စဉ်၊အပါတ်စဉ်၊လစဉ် ပေးပို့နိုင်ပါသည်။
လိုအပ်သော အချက်အလက်များကို ပေးပို့ ပြီး သတ်မှတ်ထားသည့် ကာလအတွင်း လချုပ်စာရင်း၊နှစ်ချုပ်စာရင်းနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို လိုအပ်သည့် အချိန်တွင် နေရာ၊ဒေသမရွေး ကြည့်ရှု့နိုင်မည် ဖြစ်ပါသည်။(အင်တာနက်၊အသုံးပြုသူအမှတ်နှင့် လျှို့ဝှက် အမှတ်အသားရှိရပါမည်။)
ကြည့်ရှု့နိုင်သော အစီရင်ခံစာများ

  1. အရှုံးအမြတ်စာရင်း
  2. လုပ်ငန်းပိုင်ဆိုင်မှုစာရင်း
  3. ငွေသား၊အဝင်၊အထွက်နှင့် လက်ကျန်စာရင်း
  4. ငွေစာရင်းနှင့် ဘဏ်စာရင်း အသေးစိတ်
  5. ရရန်ရှိစာရင်း
  6. ပေးရန်ရှိစာရင်း
  7. ကုန်လက်ကျန်စာရင်း
  8. ဝယ်သူအလိုက် အရောင်းစာရင်း
  9. ကုန်ပစ္စည်းအလိုက် အရောင်းစာရင်း
  10. ကုန်ပစ္စည်းအလိုက် အမြတ်ရာခိုင်နှုန်း
  11. ပုံသေပိုင်ဆိုင်မှုစာရင်း
  12. ရင်းနှီးမြှပ်နှံမှုစာရင်း
  13. အခွန်ဆိုင်ရာရှင်းတမ်းများ
စသည့်စာရင်းများအား လိုအပ်သည့် ကာလ အပိုင်းအခြားအလိုက် ထုတ်ယူနိုင်ပါသည်။
လအလိုက်၊နှစ်အလိုက် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။