Supplier နှင့်မသက်ဆိုင်သောဆိုက်ရောက်ကုန်ကျစရိတ် (Landed Cost Vouncher)
By Hay Man Oo on September 21, 2020
Intermediateအချို့သော ကုန်ကျစရိတ်များအား ကုန်ပစ္စည်းတန်ဖိုးတွင့် ထည့်သွင်းတွက်ချက်လိုပြီး ထိုစရိတ်များသည် Supplier အားပြန်လည်ပေးချေရမည့် စရိတ်များ မဟုတ်သော်လည်း Purchase တွင် ထည့်သွင်းလိုပါက အောက်ပါအတိုင်း ထည့်သွင်းနိုင်ပါသည်။

Purchase Invoices ကိုနှိပ်ပါ။

New Purchase Invoice ကိုနှိပ်ပါ။

Invoice Date ရွေးချယ်ပါ။

Supplier ရွေးချယ်ပါ။

Item တွင်ဝယ်ယူထားသောပစ္စည်းအမည်များအားရွေးချယ်ပါ။
Qty တွင်အရေအတွက်ထည့်သွင်းပါ။
Unit Price တွင်ငွေပမာဏထည့်သွင်းပါ။
ဆိုက်ရောက်ကုန်ကျစရိတ်ပမာဏအားထည့်သွင်းရန်အတွက်
Item တွင် Freight-in အားရွေးချယ်ပါ။
Unit Price တွင် ငွေပမာဏထည့်သွင်းပါ။
ဆိုက်ရောက်ကုန်ကျစရိတ်သည် ဝယ်ယူထားသော Supplier အားပေးရန်ရှိနှင့်မသက်ဆိုင်သည့်အတွက်
Add Row ကိုနှိပ်ပါ။
Account တွင် freigh-in cost အားရွေးချယ်ပါ။
Unit Price တွင် ဆိုက်ရောက်ကုန်ကျစရိတ်တန်ဖိုးအား(-)ဖြင့်ပြန်လည်ထည့်သွင်းပါ။

Create ကိုနှိပ်ပါ။

Purchase Invoice တွင်ကြည့်ရှု့ပါကလည်း ဆိုက်ရောက်ကုန်ကျစရိတ်အားနုတ်၍ Supplier အားပေးရန်ရှိပမာဏအားတွေ့မြင်ရမည်။

ငွေပေးချေခြင်းထည့်သွင်းရန် New Payment နှိပ်ပါ။

ငွေပေးချေသည့်ရက်အားရွေးချယ်ပါ။

Paid From တွင်ငွေပေးချေသည့်ငွေစာရင်း Account အားရွေးချယ်ပါ။

Unit Price တွင် Supplier အားပေးရန်ရှိသည့်ပမာဏအားတွေ့မြင်ရမည်။

Create နှိပ်ပါ။

ငွေပေးချေထားသော ဘောင်ချာအားတွေ့မြင်ရမည်။
Supplier နှင့်မသက်ဆိုင်သည့် ဆိုက်ရောက်ကုန်ကျစရိတ်အား ပိုက်ဆံပေးချေရန်အတွက်

Summary ၏ Freight in cost တွင်ဆိုက်ရောက်ကုန်ကျစရိတ်အတွက်ပေးချေရန်ကျန်ရှိကြောင်းတွေ့မြင်ရမည်။
ဆိုက်ရောက်ကုန်ကျစရိတ်များအားပေးချေရန်အတွက်

Receipts & Payments နှိပ်ပါ။

New Payment နှိပ်ပါ။

Date ရွေးချယ်ပါ။

Paid From တွင်ငွေပေးချေသည့်ငွေစာရင်း account အားရွေးချယ်ပါ။

Account တွင် freight in cost ရွေးချယ်ပါ
Unit Price တွင်ဆိုက်ရောက်ကုန်ကျစရိတ်ပမာဏအားထည့်သွင်းပါ။

Create နှိပ်ပါ။

ငွေပေးချေထားသောဆိုက်ရောက်ကုန်ကျစရိတ်ဘောင်ချာအားတွေ့မြင်ရမည်။

Summary တွင်ကြည့်ရှု့ပါကလည်း freight in cost အတွက်ပေးရန်ရှိပမာဏမရှိကြောင်းတွေ့မြင်ရမည်။

Inventory Item တွင်ကြည့်ရှု့ပါကလည်း ဆိုက်ရောက်ကုန်ကျစရိတ်များပါပေါင်း၍ကုန်ပစ္စည်းစရိတ်အားတွက်ချက်ထားကြောင်းတွေ့မြင်ရမည်။
Was this article helpful?
No comments yet. Login to start a new discussion Start a new discussion