ဆိုက်ရောက်ကုန်ကျစရိတ် ( Landed Cost) များထည့်သွင်းခြင်း
By Hay Man Oo on September 17, 2020
Expertကုန်ပစ္စည်းများ ထည့်သွင်းရာတွင် မူရင်းတန်ဖိုး အပြင် Shipping Cost, Import Charges, Landed Cost များအား ကုန်ပစ္စည်း ၏ တန်ဖိုး တွင် ထည့်သွင်းတွက်ချက်လိုပါက Freight-in အနေဖြင့် ထည့်သွင်းနိုင်ပါသည်။ ထိုသို့ ထည့်သွင်းပါက Indirect Expenses အနေဖြင့် စာရင်း မပြပဲ ကုန်ပစ္စည်း၏ တန်ဖိုး အနေဖြင့်သာ တွက်ချက်မည် ဖြစ်သောကြောင့် Product Cost တွင် ထိုစရိတ်များ တိုးသွားမည်ဖြစ်သောကြောင့် ကုန်ပစ္စည်းရောင်းချရာတွင် Cost of Goods Sold အနေဖြင့် စာရင်းသွင်းသောကြောင့် Gross Profit တွက်ချက်ရာတွင် Direct Cost များအား ထည့်သွင်းထားသောကြောင့် ပိုမိုတိကျမည်ဖြစ်ပါသည်။


Supplier ထံမှပစ္စည်းဝယ်ယူရာတွင်အခြားသောစရိတ်များပါ supplier အားပေးချေရပါကစာရင်းထည့်သွင်းရန်အတွက်

Purchase Invoices ကိုနှိပ်ပါ။

New Purchase Invoice ကိုနှိပ်ပါ။

Invoice Date တွင်ပစ္စည်းဝယ်ယူသည့်ရက်အားရွေးချယ်ပါ။

Supplier အမည်ရွေးချယ်ပါ။

Item ရွေးချယ်ပါ။
Qty ထည့်သွင်းပါ။
Unit Price ထည့်သွင်းပါ။
သယ်ယူခ(သို)အခြားသောစရိတ်များအား ကုန်ပစ္စည်းစရိတ်တွင်ထည့်သွင်းတွက်ချက်ရန်အတွက်
Item တွင် freight-in ရွေးချယ်ပါ။
Unit Price တွင်အခြားသောစရိတ်အတွက်ပေးဆောင်ရသည့်ပမာဏအားထည့်သွင်းပါ။

Create နှိပ်ပါ။

ထည့်သွင်းထားသော အဝယ်ဘောင်ချာအားတွေ့မြင်ရမည်။
Supplier အားငွေရှင်းရန်အတွက်

New Payment နှိပ်ပါ။

Date တွင်ငွေပေးချေသည့်ရက်အားရွေးချယ်ပါ။

Paid from တွင် ငွေပေးချေသည့်ငွေစာရင်းစာအုပ်အားရွေးချယ်ပါ။

ဆိုက်ရောက်ကုန်ကျစရိတ်များပါ supplier အားပေးချေခြင်းဖြစ်ပါက Unit Price တွင်ပြင်ဆင်ရန်မလိုပါ။

Create နှိပ်ပါ။

ငွေပေးချေထားသောဘောင်ချာအားတွေ့မြင်ရမည်။

Inventory Item cost တွင်ကြည့်ရှု့ပါကလည်း ဆိုက်ရောက်ကုန်ကျစရိတ်များပါပေါင်း၍တွက်ချက်ထားကြောင်းတွေ့မြင်ရမည်။
Was this article helpful?
No comments yet. Login to start a new discussion Start a new discussion