Consignment Sales
By Hay Man Oo on August 31, 2020
Intermediateမိမိပစ္စည်းအား အခြားဆိုင်တွင် တင်ရောင်းပြီးရောင်းရသည့်အခါတွင် အရောင်းစာရင်းသွင်းသည့် ပုံစံကို အောက်တွင် လေ့လာနိုင်ပါသည်။
လုပ်ငန်းမှ ကုန်ပစ္စည်းများထွက် သွားသော်လည်း အမှန်တကယ် အရောင်းမဟုတ်သည့် အတွက် အရောင်းစာရင်းမသွင်းပဲ ကုန်ပစ္စည်းလွှဲပြောင်းခြင်းဖြင့် စာရင်းရေးသွင်းပါ။ အမှန်တကယ် ရောင်းရသည့်အချိန်တွင် မှ Consignment Warehouse မှ အရောင်းစာရင်းသွင်းနိုင်ပါသည်။
Consignment စာရင်းထည့်သွင်းရန်အတွက်

ဆက်တင်များ ကိုနှိပ်ပါ။

ကုန်သိုလှောင်နေရာများ ကိုနှိပ်ပါ။

ကုန်သိုလှောင်နေရာ အသစ် ကိုနှိပ်ပါ။

Consignment ဆိုင်အမည်အားထည့်သွင်းပါ။

ဖန်တီးမည် ကိုနှိပ်ပါ။

Consignment ဆိုင်အမည်အားတွေ့မြင်ရမည်။
Consignment ဆိုင်အား ပစ္စည်းလွှဲပြောင်းပေးသည့်စာရင်းအားထည့်သွင်းရန်အတွက်

ကုန်လွှဲပြောင်းမှုများ ကိုနှိပ်ပါ။

ကုန်လွှဲပြောင်းမှု အသစ် ကိုနှိပ်ပါ။

ရက်စွဲ တွင်consignment ဆိုင်အားပစ္စည်းလွှဲပြောင်းပေးသည့်ရက်အားရွေးချယ်ပါ။
အမျိုးအမည် တွင်လွှဲပြောင်းပေးသည့်ပစ္စည်းအမည်အားရွေးချယ်ပါ။
မှ တွင် ပစ္စည်းထုတ်ပေးသည့်ဆိုင်အမည်အားရွေးချယ်ပါ။၏
အတွက် တွင် ပစ္စည်းလက်ခံသည့် consignment ဆိုင်အမည်အားထည့်သွင်းပါ။
Create ကိုနှိပ်ပါ။
.Consignment ဆိုင်အားပစ္စည်းလွှဲပြောင်းထားသည့်စာရင်းအားတွေ့မြင်ရမည်။
Consignment ဆိုင်တွင်လက်ကျန်ရှိသည့်ပစ္စည်းအရေအတွက်အားကြည့်ရှု့လိုပါက

အစီရင်ခံစာများ ကိုနှိပ်ပါ။

ကုန်သိုလှောင်နေရာအလိုက် ကုန်ပစ္စည်းအရေအတွက် ကိုနှိပ်ပါ။

အစီရင်ခံစာ အသစ် ကိုနှိပ်ပါ။

ကြည့်ရှု့လိုသော နေ့အထိရက်စွဲအားရွေးချယ်ပါ။

ဖန်တီးမည် ကိုနှိပ်ပါ။

Consignment ဆိုင်တွင်လက်ကျန်ရှိသောအရေအတွက်အားတွေ့မြင်ရမည်။
Consignment ဆိုင်မှအရောင်းအားထည့်သွင်းရန်အတွက်

အရောင်းပြေစာများ ကိုနှိပ်ပါ။

အရောင်းပြေစာ အသစ် ကိုနှိပ်ပါ။

ရက်စွဲ ထည့်သွင်းပါ။
ဝယ်သူ/ဖောက်သည် အမည်ရွေးချယ်ပါ။
အမျိုးအမည် တွင်ရောင်းချသည့်ပစ္စည်းအမည်အားထည့်သွင်းပါ။
ကုန်သိုလှောင်နေရာ တွင် consignment ဆိုင်မှအရောင်းဖြစ်ပါက consignment ဆိုင်အမည်အားရွေးချယ်ပါ။
အရေအတွက် ထည့်သွင်းပါ။
ဈေးနှုန်း ထည့်သွင်းပါ။

ဖန်တီးမည် ကိုနှိပ်ပါ။

Consignment ဆိုင်မှအရောင်းပြေစာအားတွေ့မြင်ရမည်။
customer ထံမှငွေလက်ခံထည့်သွင်းရန်နှင့် commission ပေးခြင်းအားထည့်သွင်းရန်အတွက်
ငွေလက်ခံလွှအသစ် နှိပ်ပါ။

စာရင်းတွင်ငွေလက်ခံသည့် ငွေစာရင်းအမည် ရွေးချယ်ပါ။

Commission ပေးရန်စာရင်းအားထည့်သွင်းရန်အတွက်
တစ်ကြောင်းတိုးမည် ကိုနှိပ်ပါ။

စာရင်း တွင် commission အားရွေးချယ်ပါ။
ဈေးနှုန်း တွင် commission ပေးသည့်ပမာဏအား(-)ဖြင့်ထည့်သွင်းပါ။

ဖန်တီးမည် ကိုနှိပ်ပါ။

ငွေလက်ခံလွှာအားတွေ့မြင်ရမည်။
Was this article helpful?
No comments yet. Login to start a new discussion Start a new discussion