Chart of Accounts တည်ဆောက်နည်း
By Hay Man Oo on November 14, 2019
Beginnerလုပ်ငန်းတစ်ခု အတွက် စာရင်းပိုင်းဆိုင်ရာ အချက်အလက်များထည့်သွင်းရန် အတွက် သင့်တော်သော စာရင်းခေါင်းစဉ်များကို ကြိုတင်သတ်မှတ်ပေးရမည်ဖြစ်ပါသည်။
Chart of Accountsထည့်သွင်းရာတွင် Balance Sheet Items နှင့် Profit and Loss Items ဟု နှစ်ပိုင်းခွဲခြားထည့်သွင်းရပါမည်။
Chart of Accounts များထည့်သွင်းရန်...

Settings ကို နှိပ်ပါ။

Chart of Accounts ကိုနှိပ်ပါ။
Balance Sheet

Balance Sheet အောက်တွင် New Group နှင့် New Account များသတ်မှတ်နိုင်ပါသည်။

Group များထည့်သွင်းရန်..New Group ကိုနှိပ်ပါ။

ဘဏ်နှင့် ဆိုင်သော Group ကို ထည့်သွင်းလိုပါက..
Name တွင် Bank ဟုထည့်သွင်းပါ။

Group တွင် သက်ဆိုင်ရာ အုပ်စု ကို ရွေးချယ်ပါ။

Create ကိုနှိပ်ပါ။

ထည့်သွင်းထားသော Bank Group ကို တွေ့ရမည်။

Account များ ထည့်သွင်းလိုပါက New Account ကို နှိပ်ပါ။

Name တွင် ထားရှိလိုသော Bank Account ကို ထည့်သွင်းပါ။

Group တွင် ဘဏ်Groupအောက်၌ ထားရှိလိုသောကြောင့် Assets__Bank ကို ရွေးချယ်ပါ။

Create လုပ်ပါ။
Bank Account များ၏ငွေစာရင်းများအားသီးခြားခွဲ၍သိရှိလိုပါက control Accountတွင်သာခွဲခြားသတ်မှတ်ပေးရမည်။ Chart of Accountတွင်ထည့်သွင်းရန်မလိုပါ။

ထည့်သွင်းထားသော AYA Account ကို Bank Group အောက်တွင် တွေ့ရမည်။
အခြားသော Group နှင့် Account များကိုလည်း ထိုနည်းအတိုင်း ခွဲခြားထည့်သွင်းပါ။

ထည့်သွင်းထားသော Group နှင့် Account များကို တွေ့ရမည်။
Profit and Loss Statement

Profit and Loss Statement အောက်တွင် "Group"," Account" နှင့် "Total" များ သတ်မှတ်နိုင်ပါသည်။

ထည့်သွင်းလိုသော Group များရှိပါက New Group ကိုနှိပ်ပါ။

Name တွင် ထည့်သွင်းလိုသော Group အမည်ကို ထည့်သွင်းပါ။
Expenses တွင်အမှန်ခြစ်ထည့်ပါ။

Create ကိုနှိပ်ပါ။

ထည့်သွင်းထားသော Group ကို တွေ့မြင်ရမည်။
ထည့်သွင်းထားသော groupအား နေရာပြောင်းရွှေ့လိုပါက cost of goods sold ဘေးမှမြှားကိုနှိပ်ပါ။

Income အောက်သို့ပြောင်းရွှေ့လိုပါက မျှားကိုနှိပ်၍ ပြောင်းရွှေ့လိုသောနေရာသို့ရွှေ့ပါ။

Update ကိုနှိပ်ပါ။

Incomeအောက်သို့ပြောင်းသွားကြောင်းတွေ့မြင်ရမည်။
(Income-cost of goods sold=gross profit) total ခေါင်းစဥ်ဖြစ်သည့် Gross profit ခေါင်းစဥ်ထည့်သွင်းရန်အတွက်

New Total ကို နှိပ်ပါ။

Name တွင် ထည့်သွင်းလိုသော Total အမည်ကိုထည့်သွင်းပါ။

"Create" ကိုနှိပ်ပါ။

ထည့်သွင်းထားသော Total ကို တွေ့ရမည်ဖြစ်သည်။
Gross profit ခေါင်းစဥ်အား Cost of Goods Sold အောက်သို့ပြောင်းရွှေ့လိုပါက gross profit ဘေးမှမြှားကိုနှိပ်ပါ။

ပြောင်းရွှေ့လိုသောနေရာအောက်သို့ မြှားကိုနှိပ်၍ပြောင်းရွှေ့ပါ။

Update ကိုနှိပ်ပါ။
အခြား Total များကိုလည်း ထိုနည်းအတိုင်းထည့်သွင်းပါ။
အနက်ရောင် စာလုံးများမှာ Group များဖြစ်ပြီး၊မျဉ်းသားထားသည်မှာ Total များဖြစ်ပါသည်။ ပုံမှန်စာလုံးဖြင့်ပြထားသည်များမှာ Account များဖြစ်ပါသည်။
Was this article helpful?
No comments yet. Login to start a new discussion Start a new discussion