Stock Reconciliation
By Eaint Thet Phoo on March 15, 2021
Intermediateလုပ်ငန်းတွင်အရောင်းအဝယ်ပြုလုပ်သော ကုန်ပစ္စည်းများ၏ အရေအတွက်သော်လည်းကောင်း၊ တန်ဖိုးကိုလည်းကောင်း ပြန်လည်ပြင်ဆင် သတ်မှတ်လိုပါက Stock Reconciliation ကိုအသုံးပြုနိုင်သည်။
Stock Reconciliation ကိုထည့်သွင်းရန်...

Stock ကိုနှိပ်ပါ။

Tools အောက်ရှိ Stock Reconciliation ကိုနှိပ်ပါ။

New ကိုနှိပ်ပါ။

Posting Date တွင် မှားသွင်းသော စာရင်းညှိမည့် နေ့ကိုရွေးချယ်ပါ။
Posting Time တွင် မှားသွင်းသော Transaction တွင်ရှိသော Posting Time ထက်နောက်ကျသော အချိန်ကို ရွေးပါ။
Purpose တွင် စာရင်းညှိနှိုင်းမည်ဖြစ်သောကြောင့် Stock Reconciliation ကို ရွေးချယ်ပါ။

Item Code တွင် စာရင်းညှိမည့် ကုန်ပစ္စည်းကို ရွေးချယ်ပါ။
Warehouse တွင် ထိုကုန်ပစ္စည်းရှိမည့် Warehouse ကိုရွေးချယ်ပါ။
Qty တွင် ရှိရမည့် ကုန်ပစ္စည်းအရေအတွက်ကိုထည့်သွင်းပါ။
Valuation Rate တွင် ထိုကုန်ပစ္စည်း၏ တစ်ယူနစ် အလိုက် တန်ဖိုးကို ထည့်သွင်းပါ။

Difference Account တွင် မည်သည့် Account ဖြင့်ညှိနှိုင်းမည်ကို ရွေးချယ်ပါ။

Save ကိုနှိပ်ပါ။

Submit ကိုနှိပ်ပါ။

Stock Ledger တွင် ပြန်လည်ကြည့်ရှုပါက Valuation Rate တွင် ပြောင်းလဲသွားကြောင်းတွေ့ရမည်။
Accounting Ledger တွင် ကြည့်ရှုပါက...

Stock တန်ဖိုးတွင်လျော့နည်းသွားပြီး Manufacturing overhead တွင်တိုးလာသည်ကိုတွေ့ရမည်။

General Ledger ထဲရှိ Manufacturing Overhead ကို အသေးစိတ်စစ်ဆေးကြည့်ပါက မှားယွင်းထည့်သွင်းမိသောတန်ဖိုးကိုပြန်လည်နုတ်သွားကြောင်းတွေ့ရမည်။
No comments yet. Login to start a new discussion Start a new discussion