Product Bundle
By Kyi Thar Myo Myint Soe on July 24, 2020
Beginnerပစ္စည်းများကို ဝယ်ယူသည့် အခါတွင် တစ်မျိုးချင်းဝယ်ယူသော်လည်း ရောင်းချသည့်အခါတွင် တွဲဖက် ရောင်းချလိုပါက Product Bundle ကို အသုံးပြုနိုင်ပါသည်။ ရောင်းချသည့် အခါတွင် Item Code တစ်ခုကို ရွေးလိုက်သည့်အခါ တစ်ခုထက်ပိုသော ပစ္စည်းများကို ရောင်းချရာတွင် အသုံးပြုနိုင်ပါသည်။
ဥပမာ
လက်ဆောင်ခြင်းများ၊ ခေါင်းလျှော်ရည်နှင့် ဆံပင်ပျော့ဆေးနှစ်မျိုးတွဲ၊ ပစ္စည်းတွဲများ
Product Bundle ထည့်သွင်းရန် ရှေးဦးစွာ Item အသစ်ထည့်သွင်းပေးရပါမည်။

Stock ကိုနှိပ်ပါ။

Item ကိုနှိပ်ပါ။

New ကိုနှိပ်ပါ။

Item Code ကိုထည့်သွင်းပါ။
Item Name တွင် ရောင်းချမည့် ကုန်ပစ္စည်းကို သတ်မှတ်ပါ။
Item Groups ကိုထည့်သွင်းပါ။

Default Unit of Measure တွင် ရောင်းချမည့် ကုန်ပစ္စည်း၏ယူနစ်ကိုထည့်သွင်းပါ။

Company တွင် company name ကိုထည့်သွင်းပါ။
Default Warehouse တွင် ကုန်ပစ္စည်းထားရှိမည့် နေရာကိုထည့်သွင်းပါ။

Save ကိုနှိပ်ပါ။
Product Bundle ကိုထည့်သွင်းရန်

Stock ကိုနှိပ်ပါ။

Product Bundle ကိုနှိပ်ပါ။

New ကိုနှိပ်ပါ။

Parent Item တွင် ရောင်းချမည့် ကုန်ပစ္စည်းကို ထည့်သွင်းပါ။
Description ထည့်သွင်းလို့ပါက ထည့်သွင်းနိုင်ပါသည်။

Item တွင် product bundle တွင်ထည့်သွင်းလို့သော item name ကို သတ်မှတ်ပါ။
Item တစ်ခုထပ်မံ ထည့်သွင်းရန် Add Row ကိုနှိပ်ပါ
Qty တွင် ရောင်းချမည့် ကုန်ပစ္စည်း အရေအတွက်ကိုထည်ပါ။
အချက်အလက်များ ထည့်သွင်း ပြီးပါက Save ကိုနှိပ်ပါ။

ထို့နောက် ထည့်သွင်းထားသော product bundle ကိုတွေရပါလိမ့်မည်။

Was this article helpful?
No comments yet. Login to start a new discussion Start a new discussion