Payroll Processing ထည့်သွင်းခြင်း
By Eaint Thet Phoo on October 24, 2020
IntermediateERPNext ကို အသုံးပြုပြီး ဝန်ထမ်း လစာတွက်ချက်ခြင်း၊ လစာပေးသည့်စာရင်းများကို စရိတ်အဖြစ် စာရင်းသွင်းခြင်းများ လုပ်ဆောင်နိုင်သည့်အတွက် လစာ မပေးမီ၊ ဝန်ထမ်းရေးရာဌာနနှင့် စာရင်းဌာနမှ ဝန်ထမ်းများ စာရွက်စာတမ်းသုံးစွဲမှုကို လျော့ချပြီး ပူးပေါင်းလုပ်ဆောင်နိုင်ပါတယ်။

ဝန်ထမ်းများအတွက် Payroll Process ပြုလုပ်ရန်အတွက် အောက်ပါတို့ကို အဆင့်ဆင့်လုပ်ဆောင်ပေးရမည်။
- Employee
- Salary Structure
- Salary Structure Assignment
- Leave Entry
- Loan
- Additional Salary
- Payroll Entry
- OT Import
- Salary Slip
- Salary Register
- Submit
- Journal Entry
- GL
အသေးစိတ်ထည့်သွင်းပုံများကို သက်ဆိုင်ရာ link များသို့ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဝန်ထမ်းအသစ်များ ခန့်ထားခြင်း၊ ဝန်ထမ်းများ နုတ်ထွက်စာရင်းများကို ထည့်သွင်းပေးနိုင်ပြီး၊ ရာထူးတိုး၊ ဌာနပြောင်းစာရင်းများပါ ထည့်သွင်းနိုင်ပါတယ်။
ဝန်ထမ်းများအတွက် ရာထူးအလိုက်လစာပေးမည့်ပုံစံအားသတ်မှတ်ပေးရမည်။
ဝန်ထမ်းတစ်ယောက်ချင်းစီနှင့် လစာပေးမည့် ပုံစံချိတ်ဆက်ပေးရမည်။
ခွင့်ပျက်ရက်များအား လစာဖြတ်မည် ဆိုပါက ခွင့်မှတ်တမ်းများမဖြစ်မနေထည့်သွင်းပေးရပါမယ်။
လုပ်ငန်းမှ ဝန်ထမ်းများအား ချေးငွေထုတ်ချေးပေးပြီး၊ ချေးငွေ ပြန်လည် ပေးသွင်းရန်အတွက် လစာ မှ ဖြတ်တောက်နိုင်ပါတယ်။ ချေးငွေအမျိုးအစားအလိုက်၊ အတိုးနှုန်းများ သတ်မှတ်နိုင်ပါတယ်။
ပုံသေလစာ မဟုတ်ပဲ အခြားထပ်ဆောင်းပေးခြင်းများ (အရောင်းကော်မရှင်၊ အခြာဆုကြေးများ) နှင့် ဖြတ်တောက်ငွေများ ထည့်သွင်းနိုင်ပါတယ်။
လစာပေးသည့်စာရင်းကို ထည့်သွင်းရပါမည်။
ဝန်ထမ်းတစ်ဦးချင်းစီ၏ Holiday OT, OT Hour များကိုလည်း Excel မှတစ်ဆင့် ထည့်သွင်းပေးရမည်။
လိုအပ်သော အချက်အလက်များအား ထည့်သွင်းပြီး လစာစာရင်းအား စစ်ဆေးနိုင်ပါတယ်။
No comments yet. Login to start a new discussion Start a new discussion