Payroll Entry မှတစ်ဆင့် Salary Slip ထည့်သွင်းခြင်း
By Eaint Thet Phoo on July 27, 2020
IntermediatePayroll Entry မှတစ်ဆင့် Salary Slip ထည့်သွင်းရန်...

Payroll အောက်ရှိ Payroll Entry ကိုနှိပ်ပါ။

New ကိုနှိပ်ပါ။

Posting Date တွင် လစာပေးမည့် နေ့ကို ထည့်သွင်းသတ်မှတ်ပါ။
Payroll Frequency တွင် လစဥ်ပေးမည်ဖြစ်သည့်အတွက် Monthly ကိုရွေးချယ်ပါ။
Company ကို ရွေးချယ်ပါ။

Branch တွင် Payroll ထည့်သွင်းမည့်ရုံးခွဲကို ရွေးချယ်ပါ။
Department တွင် လစာပေးစာရင်းထည့်သွင်းမည့်ဌာနကို ရွေးချယ်ပါ။

Start Date တွင် မည်သည့်နေ့မှ စ၍ လစာတွက်မည်ကို ရွေးချယ်ပါ။
End Date တွင် မည်သည့်နေ့အထိ တွက်သည်ကို ရွေးချယ်ပါ။

Cost Center တွင် သက်ဆိုင်ရာ Department ၏ Cost Center ကိုရွေးချယ်ပါ။

Save ကိုနှိပ်ပါ။

Get Employees ကိုနှိပ်ပါ။

Employee Detail တွင် ဝန်ထမ်းစာရင်းကျလာသည်ကို တွေ့ရမည်။

Create Salary Slips ကိုနှိပ်ပါ။

ထည့်သွင်းထားသော Salary Slip ကိုတွေ့ရမည်။
ဝန်ထမ်းမှ ချေးယူထားသော ချေးငွေကို လစာပေးသည့်အခါ နုတ်ယူမည်ဟု ထည့်သွင်းထားသောကြောင့်

လစာထဲမှ ချေးငွေကိုပါ တစ်ပါတည်း နုတ်ယူသွားကြောင်း တွေ့ရမည်။

Net Pay တွင် ဝန်ထမ်းအား အသားတင်ပေးရန် ကျန်ရှိသည့်ပမာဏကို တွေ့ရမည်။
Salary Slip အား Submit မလုပ်မီ ပြန်လည်စစ်ဆေးရန်အတွက်

Payroll အောက်ရှိ Salary Register ကိုနှိပ်ပါ။

ကြည့်ရှုလိုသော နေ့ကို ရွေးချယ်ပါ။
Submit မလုပ်ခင်တွင် ပြန်လည်စစ်ဆေးခြင်းဖြစ်သောကြောင့် Draft ကိုနှိပ်ပါ။

ထည့်သွင်းထားသော Payslip ကို တွေ့မြင်ရမည်။
လိုအပ်သောအချက်အလက်များ မှန်/မမှန်စစ်ဆေးပြီးပါက Payroll Entry ရှိ Submit Salary Slip ကိုနှိပ်ပါ။
No comments yet. Login to start a new discussion Start a new discussion