Bank Reconciliation
By Eaint Thet Phoo on May 5, 2021
ExpertBank Reconciliation ကို ERP Software တွင် ထည့်သွင်းသော ဘဏ်စာရင်း နှင့် အပြင် ဘဏ်စာရင်း၏ အဝင်အထွက်ကို နှိုင်းယှဥ်စစ်ဆေးရာတွင် အသုံးပြုနိုင်ပါသည်။
ပထမဦးစွာ ERP ထဲရှိ ဘဏ်စာရင်းအဝင်အထွက်ကို စစ်ဆေးပေးရမည်။
ဘဏ်စာရင်းအဝင်အထွက်ကို စစ်ဆေးရန်အတွက်...

Accounting ထဲရှိ Banking and Payments အောက်မှ Bank Reconciliation Statement ကိုနှိပ်ပါ။

Company ကိုရွေးချယ်ပါ။
Bank Account တွင် စစ်ဆေးလိုသော ဘဏ်အကောင့်ကို ရွေးချယ်ပါ။
Date တွင် မည်သည့်နေ့အထိစစ်ဆေးမည်ကို ရွေးချယ်ပါ။
POS System ဖြင့် ငွေပေးချေမှုများရှိသည်ဆိုပါက Include POS Transaction ကို အမှန်ခြစ်ထည့်ပါ။

စစ်ဆေးရန် ရွေးချယ်ထားသော ဘဏ်အကောင့်နှင့်သက်ဆိုင်သည့် အပြင်ဘဏ်စာရင်းနှင့်ကိုက်ရန်ကျန်သော စာရင်းများကျလာသည်ကို တွေ့ရမည်။
Bank Statement balance as per General Ledger တွင် ရှိသော ပမာဏသည် ရွေးချယ်ထားသောနေ့အထိကျန်ရှိသော Amount ဖြစ်သည်။
Outstanding Cheques and Deposits to Clear တွင်ရှိသော Debit ဘက်မှပမာဏသည် ဘဏ်စာရင်းတွင်ဝင်လာသော စာရင်းဖြစ်ပြီး၊ Credit ဘက်မှ ပမာဏသည် ဘဏ်စာရင်းမှ ထွက်သွားသော ပမာဏဖြစ်သည်။
Calculated Bank Statement Balance တွင်ရှိသော ပမာဏသည် ဘဏ်အကောင့်၏ စာရင်းဖွင့်ပမာဏဖြစ်သည်။
အပြင်ဘဏ်စာရင်းနှင့် Software စာရင်းကို ကိုက်ညှိရန်အတွက်...

Search Box မှတစ်ဆင့် Bank Reconciliation ကိုရိုက်နှိပ်ပါ။

Account တွင် စစ်ဆေးလိုသော ဘဏ်အကောင့်ကို ရွေးချယ်ပါ။
From Date တွင် စတင်စစ်ဆေးလိုသော နေ့စွဲကိုထည့်သွင်းပါ။
To Date တွင် မည်သည့်နေ့အထိစစ်ဆေးမည်ကို ရွေးချယ်ပါ။
Include Reconciled Entries နှင့် Include POS Transactions နှစ်ခုကို အမှန်ခြစ်ထည့်ပါ။
Get Payment Entries ကိုအမှန်ခြစ်ထည့်ပါ။

ရွေးချယ်ထားသော ကာလအတွင်း ဘဏ်စာရင်းနှင့်သက်ဆိုင်သော ငွေအဝင်အထွက်စာရင်းများကျလာသည်ကို တွေ့ရမည်။
အပြင်ဘဏ်စာရင်း၏ အမှန်တကယ် ငွေအဝင်အထွက်ဖြစ်ပေါ်သည့်နေ့ကို ထည့်သွင်းလိုပါက...

Clearance Date တွင် အမှန်တကယ် ဘဏ်အကောင့်ထဲသို့ အဝင်အထွက်ရှိသည့်နေ့ကို ရွေးချယ်ပါ။

Clearance Date များ စစ်ဆေးထည့်သွင်းပြီးပါက Update Clearance Date ကိုနှိပ်ပါ။

Clearance Date Updated ဟု msg ကျလာသည်ကို တွေ့ရမည်။
ပြန်လည်စစ်ဆေးလိုပါက Bank Reconciliation Statement ကိုကြည့်ရှုပါ။

Bank Statement များကိုက်ညှိစစ်ဆေးပြီးပြီဖြစ်သောကြောင့် Payment Document Type တွင် မကျန်ရှိတော့ပဲ
Bank Statement Balance as per General နှင့် Calculated Bank Statement balance တွင်သာ Amount များကျန်ရှိတော့မည်ဖြစ်ကြောင်းတွေ့ရမည်။
No comments yet. Login to start a new discussion Start a new discussion