Contact us on +95 9 977 160671 or info@bcncl.com

By Eaint Thet Phoo on February 2, 2021
Intermediate

လုပ်ငန်းတွင် အသုံးပြုနေလျက်ရှိသော ပုံသေပိုင်ပစ္စည်းများကို ကာလတန်ဖိုးပြန်လည်သတ်မှတ်လိုပါက Asset Value Adjustment တွင်စာရင်းထည့်သွင်းနိုင်ပါသည်။


လုပ်ငန်းတွင် အသုံးပြုနေသော ပုံသေပိုင်ပစ္စည်း၏ လက်ကျန်တန်ဖိုးကို စစ်ဆေးရန်..



Asset ထဲရှိ Asset Depreciations and Balances တွင် စဝယ်သည့်နေ့မှ တန်ဖိုးအပေါ်တွင် တန်ဖိုးလျော့ချထားသည့် ပမာဏနှင့် လက်ရှိအထိ ကျန်ရှိနေသော လက်ကျန်တန်ဖိုးအား ကြည့်ရှုနိုင်ပါသည်။


ထိုပုံသေပိုင်ပစ္စည်းအပေါ်တွင် ပြန်လည်တန်ဖိုးသတ်မှတ်လိုပါက...



Asset ထဲရှိ ပြန်လည်တန်ဖိုးသတ်မှတ်လိုသည့် ပုံသေပိုင်ပစ္စည်းစာရင်းကို နှိပ်ပါ။



ညာဘက်ထောင့်ရှိ Create မှတစ်ဆင့် Asset Value Adjustment ကိုနှိပ်ပါ။ (သို့မဟုတ်)



Asset Module ထဲရှိ Maintenance အောက်မှ Asset Value Adjustment ကိုနှိပ်ပါ။



New ကိုနှိပ်ပါ။



Asset တွင်ပြန်လည်တန်ဖိုးသတ်မှတ်လိုသည့် ပုံသေပိုင်ပစ္စည်းကို ရွေးချယ်ပါ။

Date တွင် ပြန်လည်သတ်မှတ်မည့်နေ့ကို ရွေးချယ်ပါ။

New Asset Value တွင် ပြန်လည်သတ်မှတ်သည့် တန်ဖိုးကို ထည့်သွင်းပါ။

Save and Submit ကိုနှိပ်ပါ။



Current Asset Value တွင် လက်ရှိအချိန်ထိကျန်ရှိနေသော လက်ကျန်တန်ဖိုး ကျလာမည်ဖြစ်ပြီး

New Asset Value တွင် ပြန်လည်တန်ဖိုးသတ်မှတ်လိုက်သော ပမာဏကို တွေ့ရမည်။

Journal Entry တွင် အလိုအလျောက်ထည့်သွင်းသွားသည်ကို တွေ့ရမည်။

Difference Amount တွင် လက်ရှိတန်ဖိုးနှင့် ပြန်လည်တန်ဖိုးသတ်မှတ်လိုက်သော ပမာဏကြားမှ ခြားနားချက်ပမာဏပေါ်လာမည်ဖြစ်သည်။



အလိုအလျောက်ကျလာသော Journal စာရင်းကို စစ်ဆေးပါက ပြန်လည်တန်ဖိုးသတ်မှတ်လိုက်သော ပမာဏကပိုများသောကြောင့် Accumulated Depreciation တွင် လျော့နည်းသွားပြီး Depreciation တွင်လည်း လျော့နည်းသွားကြောင်းကို တွေ့ရမည်။



Accumulated Depreciation စာရင်းကို General Ledger တွင်ပြန်လည်ကြည့်ရှုပါက စုစုပေါင်းတန်ဖိုးလျော့တွင် ပြန်လည်လျော့နည်းသွားကြောင်းတွေ့ရမည်။


Balance Sheet တွင်ပြန်လည်ကြည့်ရှုပါကလည်း...



Fixed Asset စာရင်းတွင် တန်ဖိုးလျော့ ပြောင်းလဲသွားသောကြောင့် လက်ကျန်စာရင်းတန်ဖိုးပါပြောင်းလဲသွားသည်ကို တွေ့ရမည်။


More articles on ERPNext V12


Comments

No comments yet.

Add a comment
Ctrl+Enter to add comment