Contact us on +95 9 977 160671 or info@bcncl.com

By Aye Mon Yadanar Aung on November 8, 2022
Beginner

Sales Order

ဖောက်သည်သည် မည်သည့်ပစ္စည်းများကို ဝယ်ယူမည်ဆို၍ အတည်ပြုလျှင် အရောင်းအမှာစာ ဖွင့်ရပါမည်။


ဝယ်ယူမည့်သူ (Customer) နှင့် ရောင်းမည့်ပစ္စည်း (Item) တို့ကို ဦးစွာ စာရင်းသွင်းပေးပြီးမှသာ ‌Sales Order ဖွင့်နိုင်မည်ဖြစ်သည်။


(1) Opening Sales Order

အမှာစာအသစ်ထည့်ချင်လျှင်


Home > Selling Module > Selling > Sales Order ဖြင့်သွားနိုင်ပါသည်။





(2) Entering Sales Order Step by Step

I.

  1. အရောင်းအမှာစာ အသစ်ထည့်ချင်လျှင် "+ Add Sales Order" နှိပ်ပေးရပါမည်။


II.

  1. Customer* - ဝယ်ယူသူ၏ အမည်ကို ရွေးပေးပါရန်။
  2. Order Type* - ရောင်းမည်ဖြစ်သောကြောင့် Sales ဟုသတ်မှတ်ထားပေးပါရန်။
  3. Date* - မှာယူသည့်နေ့ရက်ကို ထည့်ပေးပါရန်။
  4. Delivery Date - မှာထားသောပစ္စည်းများကို ဝယ်ယူသူထံသို့ မည်သည့်နေ့တွင် အရောက်ပို့ဆောင်ပေးနိုင်သည်ကိုရွေးပေးပါရန်။ (အကယ်၍ ပစ္စည်းအမြောက်အများမှာယူကာ ပစ္စည်းများအားလုံးကို နေ့စွဲတစ်ရက်တည်းနဲ့ မရောက်နိုင်ဘူးဆိုလျှင် ပစ္စည်းတစ်ခုချင်းစီတွင် ပို့ဆောင်နိုင်မည့်နေ့ရက်များကို ရွေးပေးပါရန်။


III.

  1. Item Code - ရောင်းမည့် ပစ္စည်း၏ကုဒ်နံပါတ်ကို ရိုက်ပေးပါရန်။၏
  2. Delivery Date - မှာထားသည့်ပစ္စည်းများကို ပို့ဆောင်နိုင်သည့် နေ့စွဲကို ထည့်ပေးပါရန်။
  3. Quantity - ပစ္စည်းမည်မျှမှာထားသည်ဖြစ်သော အရေအတွက်ကို သွင်းပေးပါရန်။
  4. Rate - ပစ္စည်းတစ်ခုချင်းစီ၏ရောင်းစျေးကိုသတ်မှတ်ပေးပါရန်။


အချက်အလက်စုံလင်စွာထည့်ပြီးလျှင် "Save" ကိုနှိပ်ပေးရပါမည်။

ထည့်သွင်းထားသည်များ မှန်/မမှန်ပြန်စစ်ပြီးမှ "Submit" နှိပ်ပေးရပါမည်။


ဖော်ပြပါ အဆင့်များအားလုံး လုပ်ပြီးသွားပါက

Sales Order အခြေခံထည့်သွင်းနည်း ပြီးဆုံးပါပြီ။


More articles on ERPNext


Comments

No comments yet.

Add a comment
Ctrl+Enter to add comment