How to manage multi outlets?
လုပ်ငန်းတိုးတက်လာပြီး ဆိုင်ခွဲတွေ၊ POS Outlets တွေ ကိုဘယ်လိုစီမံမလဲ???
ဆိုင်ခွဲတွေ များလာတာနဲ့အမျှ လုပ်ငန်းကို ထိန်းချုပ်ရတာ ပိုခက်လာနေပြီလား?
လုပ်ငန်းတိုးတက်လာပြီး ဆိုင်ခွဲတွေ၊ POS Outlets တွေ များလာတာက Business Owner တစ်ယောက်အတွက် ကောင်းမွန်တဲ့ တိုးတက်မှုတစ်ခုပါ။
ဒါပေမယ့် ဆိုင်ခွဲတွေများလာတာနဲ့အမျှ Data တွေကလည်း တစ်နေရာတည်းမှာ Centralized မဖြစ်ဘူးဆိုရင် လုပ်ငန်းကို ထိန်းချုပ်ဖို့ ပိုခက်လာနိုင်ပါတယ်။
ဆိုင်ခွဲတစ်ခုချင်းစီက သီးခြား Software၊ POS ဒါမှမဟုတ် Excel တွေကို အသုံးပြုနေမယ်ဆိုရင် Management အနေနဲ့ လုပ်ငန်းတစ်ခုလုံးရဲ့ Sales နဲ့ Inventory အခြေအနေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့ မလွယ်တော့ပါဘူး။
အထူးသဖြင့် Retail Business တွေမှာ ဒီလိုအခြေအနေက ပစ္စည်းရှိလျက်နဲ့ အရောင်းအခွင့်အရေးဆုံးရှုံးခြင်း၊ Slow-Moving Stock စုပုံခြင်းနဲ့ Working Capital ပိတ်မိခြင်း တွေအထိ ဖြစ်လာနိုင်ပါတယ်။
1. ပစ္စည်းရှိတယ်၊ ဒါပေမယ့် Customer ရှိတဲ့ဆိုင်မှာ မရှိဘူး
ဥပမာ Customer တစ်ယောက်က Branch A မှာ ပစ္စည်းတစ်ခု လာဝယ်တယ်ဆိုပါစို့။
Branch A မှာ ပစ္စည်းက Stock Out ဖြစ်နေပါတယ်။ ဒါပေမယ့် Branch B မှာ 48 ခု၊ Branch C မှာ 32 ခု ရှိနေတယ်။
Branch တစ်ခုနဲ့တစ်ခု Stock Information ကို Real-Time မမြင်နိုင်ဘူးဆိုရင် Salesperson က အခြားဆိုင်မှာ ပစ္စည်းရှိနေတယ်ဆိုတာ ချက်ချင်းမသိနိုင်ပါဘူး။
နောက်ဆုံးမှာ Company တစ်ခုလုံးအနေနဲ့ ပစ္စည်းရှိနေပေမယ့် Customer ကို မရောင်းလိုက်ရတဲ့ အခြေအနေ ဖြစ်သွားနိုင်ပါတယ်။
ဒီလိုဖြစ်တာ များလာရင် ရောင်းအားတင်မက Customer Experience ကိုပါ ထိခိုက်လာနိုင်ပါတယ်။
2. ဆိုင်တစ်ဆိုင်မှာ Stock Out ဖြစ်ပြီး အခြားဆိုင်မှာ Overstock ဖြစ်နေတယ်
Centralized Inventory Visibility မရှိတဲ့အခါ ဆိုင်ခွဲတစ်ခုချင်းစီရဲ့ Demand နဲ့ Stock Level ကို Management က အလွယ်တကူ မနှိုင်းယှဉ်နိုင်ပါဘူး။
အကျိုးဆက်အနေနဲ့—
ရောင်းအားကောင်းတဲ့ Branch မှာ ပစ္စည်းမရှိဘူး။
တစ်ဖက်မှာတော့ ရောင်းအားနည်းတဲ့ Branch မှာ ပစ္စည်းတွေ စုပုံနေတယ်။
ဒီအခြေအနေမှာ Stock အသစ်ထပ်ဝယ်ဖို့ပဲ စဉ်းစားနေမယ့်အစား ရှိပြီးသား Stock ကို Demand ရှိတဲ့ Branch ဆီ ပြောင်းရွှေ့နိုင်မလားဆိုတာ သိဖို့ အရေးကြီးပါတယ်။
Stock များတာက အဓိကမဟုတ်ပါဘူး။ Stock က ရောင်းနိုင်တဲ့နေရာမှာ ရှိနေဖို့က ပိုအရေးကြီးပါတယ်။
3. Slow-Moving Stock က Cash Flow ကို ထိခိုက်စေနိုင်တယ်
မရောင်းထွက်တဲ့ပစ္စည်းက Warehouse ထဲမှာ နေရာယူထားရုံတင် မဟုတ်ပါဘူး။
လုပ်ငန်းရဲ့ ငွေသားကိုပါ Inventory ထဲမှာ ပိတ်ထားပါတယ်။
Slow-Moving Items တွေ ဘယ် Branch မှာ ဘယ်လောက်ရှိနေလဲ မသိနိုင်ရင် အချိန်မီ Promotion လုပ်ခြင်း၊ Branch Transfer လုပ်ခြင်း၊ Purchase Plan ပြန်လည်ညှိခြင်းတွေ မလုပ်နိုင်ပါဘူး။
အဲဒီအချိန်မှာ Fast-Moving Items တွေ ပြန်ဝယ်ဖို့လိုလာပေမယ့် Working Capital က Slow-Moving Stock တွေထဲမှာ ပိတ်မိနေတဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် Inventory Management က Stock Quantity ကိုပဲ စောင့်ကြည့်တာမဟုတ်ဘဲ Cash Flow နဲ့ Profitability ကိုပါ ထိန်းချုပ်ပေးနိုင်ဖို့လိုပါတယ်။
ERPNext နဲ့ ဆိုင်ခွဲအားလုံးကို System တစ်ခုတည်းကနေ စီမံခြင်း
ဒီလို Multi-Branch Retail Operation တွေအတွက် ERPNext ကို အသုံးပြုပြီး POS, Sales, Inventory, Purchase နဲ့ Accounting Data တွေကို Centralized System တစ်ခုတည်းမှာ ချိတ်ဆက်စီမံနိုင်ပါတယ်။
Real-Time Multi-Branch Inventory Visibility
Branch တစ်ခုချင်းစီမှာ ပစ္စည်းဘယ်လောက်ရှိလဲဆိုတာ တစ်နေရာတည်းကနေ ကြည့်နိုင်ပါတယ်။
ကိုယ့်ဆိုင်မှာ Stock Out ဖြစ်နေတဲ့ပစ္စည်းကို အခြား Branch မှာ ရှိ၊ မရှိ စစ်ဆေးနိုင်တာကြောင့် ရှိပြီးသား Stock ကို ပိုမိုထိရောက်စွာ အသုံးချနိုင်ပါတယ်။
Branch Stock Transfer
Branch တစ်ခုမှာ Overstock ဖြစ်နေပြီး အခြား Branch မှာ Demand ရှိနေတယ်ဆိုရင် Stock Transfer ပြုလုပ်ပြီး ပစ္စည်းကို လိုအပ်တဲ့နေရာဆီ ပြောင်းရွှေ့နိုင်ပါတယ်။
ဒါက မလိုအပ်ဘဲ Stock အသစ်ထပ်ဝယ်ရတာကို လျှော့ချပေးနိုင်သလို ရောင်းချနိုင်တဲ့အခွင့်အရေးကိုလည်း ပိုကောင်းစေပါတယ်။
Fast & Slow-Moving Stock Analysis
ဘယ်ပစ္စည်းတွေက ရောင်းအားကောင်းနေလဲ၊ ဘယ်ပစ္စည်းတွေက အချိန်ကြာကြာ မရောင်းထွက်ဘဲ ကျန်နေလဲဆိုတာ Data ပေါ်အခြေခံပြီး စောင့်ကြည့်နိုင်ပါတယ်။
ဒီ Information တွေကို Promotion Planning, Purchasing နဲ့ Stock Redistribution ဆုံးဖြတ်ချက်တွေအတွက် အသုံးပြုနိုင်ပါတယ်။
Better Replenishment Planning
Fast-Moving Items တွေ Stock Out မဖြစ်ခင် ပြန်လည်ဖြည့်တင်းဖို့ စီမံနိုင်ပြီး လိုအပ်တာထက်ပိုတဲ့ Stock တွေကို ထပ်ဝယ်မိခြင်းကိုလည်း လျှော့ချနိုင်ပါတယ်။
Centralized Sales Visibility
ဆိုင်ခွဲအားလုံးရဲ့ Sales Data ကို Centralized လုပ်ထားနိုင်တာကြောင့် Management အနေနဲ့ ဘယ် Branch ရောင်းအားကောင်းလဲ၊ ဘယ် Product တွေ ရောင်းအားကောင်းလဲဆိုတာ ပိုမိုမြန်ဆန်စွာ သိနိုင်ပါတယ်။
Report တွေကို Branch တစ်ခုချင်းစီက ပို့လာတာ စောင့်ပြီးမှ ဆုံးဖြတ်ချက်ချရတဲ့ အခြေအနေကို လျှော့ချနိုင်ပါတယ်။
One System. Every Branch. Complete Visibility.
Multi-Branch Retail Business တစ်ခုအတွက် ဆိုင်ခွဲများတာက ပြဿနာမဟုတ်ပါဘူး။ ဆိုင်ခွဲအားလုံးရဲ့ Data ကို အချိန်မီ မမြင်နိုင်တာက ပြဿနာဖြစ်ပါတယ်။
မှန်ကန်တဲ့ System ရှိလာတဲ့အခါ—
Right Product. Right Branch. Right Time.
ဆိုတဲ့အခြေအနေကို ပိုမိုကောင်းမွန်စွာ စီမံနိုင်လာပါတယ်။
ပစ္စည်းရှိလျက်နဲ့ အရောင်းမဆုံးရှုံးဖို့၊ Slow-Moving Stock ထဲမှာ Cash မပိတ်မိဖို့၊ Branch တစ်ခုချင်းစီရဲ့ Performance ကို ပိုမိုမြင်သာစွာ ထိန်းချုပ်နိုင်ဖို့ ERPNext နဲ့ Multi-Branch Retail Operation ကို Centralize လုပ်နိုင်ပါတယ်။
ERPNext ကို သင့် Retail Business မှာ ဘယ်လိုအသုံးချနိုင်မလဲဆိုတာ BCN နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
Phone / Viber: +95 9 977 160 671 Email: info@bcncl.com Website: www.bcncl.com
BCN — Your Trusted Frappe Partner in Myanmar
San Thida
Founder and Business Development Director @ Business Centric Network
No comments yet. Login to start a new discussion Start a new discussion