Why should we use, SaaS- Software as a Service?
?ကနဦးကုန်ကျစရိတ်လျော့ချနိုင် ?device မရွေး ?အချိန်နေရာမရွေး ?ဆိုင်ခွဲတစ်ခုက ထည့်တာကို ရုံးချုပ်က ချက်ချင်းကြည့်လို့ရတယ်
·
1 min read
ဘာကြောင့် SaaS(Software As A Service), Cloud Edition ကိုသုံးသင့်လဲ။

၁) သုံးသလောက်ပဲ ပေးရတယ်။
ကြိုတင်ပေးထားစရာမလိုဘူး။ကြိုက်သလောက်သုံး၊ကျသလောက်ပေး။
အကြောင်းတစ်စုံတစ်ခုကြောင့်ဆက်သုံးစရာမလိုဘူးဆိုရင်လဲ အပြီးအပြတ်ဝယ်ထားတာမဟုတ်လို့ ဆုံးရှုံးမှုမရှိနိုင်ဘူး။
၂) ဘယ်နေရာကမဆိုသုံးလို့ရတယ်။
အပြီးအပြတ်ဝယ်သုံးရတဲ့ On-premises software တွေမှာ အသုံးပြုမည့်နေရာ ကန့်သတ်ထားလို့၊နေရာပြောင်းသွားတာနဲ့သုံးလို့မရတော့ဘူး။ပိုင်ရှင် သို့ မန်နေဂျာက ခရီးသွားနေတဲ့အခါမှာ လုပ်ငန်းရဲ့ အစီရင်ခံစာကြည့်ချင်တဲ့အခါ တစ်စုံတစ်ယာက်ကပို့ပေးတာစောင့်နေရလို့ လုပ်ငန်းနှောင့်နှေးတာတွေဖြစ်နိုင်ပေမဲ့ SaaSမှာတော့ ဘယ်နေရာကမဆို အသုံးပြုသူအမည် နဲ့ လျှို့ဝှက်အမှတ်အသားရှိရင် အသုံးပြုနိုင်တာမို့ လုပ်ငန်းကို ပိုမိုမြန်ဆန်စေပါတယ်။ခရီးသွားဟန်လွှဲအလုပ်လုပ်လို့ရတယ်။နောက်ဆုံးအခြေအနေကို ချက်ချင်းအစီရင်ခံစာ ထုတ်နိုင်တယ်။
၃)Version အသစ်သုံးဖို့ စောင့်နေစရာမလိုဘူး။
On-premises software တွေမှာ အသစ်အသစ်တွေထွက်လာတဲ့အခါ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းကို ဆက်သွယ်ပြီး ခဏခဏ version အသစ်လာထည့်ပေးဖို့ တောင်းဆိုကြရတယ်။ ဝန်ဆောင်ခတေွထပ်ပြီးကုန်ကျနိုင်တယ်။ ကိုယ်တိုင် အသစ်ထည့်မယ်ဆိုလည်း မိမိ လုပ်ငန်းတွင်းမှာကျွမ်းကျင်တဲ့သူလိုတယ်။ အသစ်ထည့်ဖို့အတွက် အချိန်ကြန့်ကြာမှုရှိတယ်။
SaaSကတော့ ရောင်းချသူ(သို့)ဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းက အသစ်အသစ်တွေထွက်တိုင်း လဲထားပြီးသားမို့ အချိန်ကုန်၊ငွေကုန်သက်သာစေတယ်။အသစ်ထွက်လာတာကို သိတောင်မသိလိုက်ဘူး။ အချိန်မကုန်တော့ဘူး။
၄) Devices အမျိုးမျိုးမှာလည်းအသုံးပြုနိုင်တယ်။
On-premises software တွေကတော့များသောအားဖြင့် OS Version တွေအပေါ်မှာမှီခိုနေတယ်။ Windows အတွက် iOS အတွက် Version အမျိုးမျိုးရှိကြတယ်။ ဝယ်ထားတာ က Windows အတွက်ဆိုရင် iOS အတွက်အဆင်မပြေနိုင်ဘူး။လက်ရှိအသုံးပြုနေတဲ့စက်ပျက်သွားတဲ့အခါ ပြန်လည်ထည့်သွင်းဖို့ အချိန်စောင့်ဆိုင်းရပြန်တယ်။
SaaSမှာတော့ ဘယ်စက်မဆို အသုံးပြုလို့ရတယ်။ Windows, iOS အပြင် Mobile Devices တွေဖြစ်တဲ့ ဖုန်းနဲ့ တက်ဘလက် တွေမှာလဲ အသုံးပြုနိုင်တယ်။ SaaS ကို အသုံးပြုဖို့ ကြိုတင်ပြီး စက်ထဲထည့်သွင်းထားစရာမလိုဘူး။ SAAS ကို သုံးဖို့ က internet connection ပဲလိုတယ်။လက်ရှိအသုံးပြုတဲ့ စက်ပျက်တဲ့အခါ၊စက်အသစ်လဲတဲ့အခါမှာတောင် ချက်ချင်းအသုံးပြုနိုင်တယ်။
ဒါကြောင့် On-premises software တွေသုံးတာထက် Business Performance ကိုတိုးတက်စေတယ်။
၅) မိမိစိတ်ကြိုက်လိုအပ်ချက်တွေကို ပြုပြင်နိုင်တယ်။
On-premises software တွေအသုံးပြုတဲ့အခါမှာ ပြင်ဆင်ဖြည့်သွင်းချင်တာရှိတိုင်း ဝန်ဆောင်မှုပေးသူ၊ရောင်းချသူကို ဆက်သွယ်ပြီး ပြင်ဆင်ပေးဖို့ညှိုနှိုင်းကြရတယ်။SAAS မှာတော့ သုံးစွဲသူရဲ့လိုအပ်ချက်နဲ့ အသုံးပြုနိုင်မှု အတိုင်းအတာပေါ်မူတည်ပြီး သုံးစွဲသူမှ စိတ်ကြိုက်ပြင်ဆင်လို့ရတယ်။
၆) အကူအညီရယူဖို့ အချိန်စောင့်နေစရာမလိုဘူး။
အသုံးပြုနေရင်း အခက်အခဲ ရှိလို့၊ အသုံးပြုနည်း လေးတွေ သိချင်တာရှိတဲ့အခါမှာလည်း Cloud Service အသုံးပြုနေတဲ့အတွက် Support ပေးသူက Online Supporting လုပ်ပေးလို့ရတဲ့အတွက် မိမိတို့ နေရာ၊ ရုံးကို လာပြီးဝန်ဆောင်မှုပေးတဲ့အချိန်ထိ စောင့်ဆိုင်းနေစရာမလိုတော့ပါဘူး။
လူကြီးမင်းတို့အနေနဲ့ အထက်ပါ အချက်တွေနဲ့ ကိုက်ညီတဲ့ စာရင်းကိုင် စနစ်လေး စတင် အသုံးပြုဖို့ စဥ်းစားနေတယ်ဆိုရင်တော့ Business Centric Network မှ ဝန်ဆောင်မှုပေးနေတဲ့ MSME Books နဲ့ ERPNext ကို လာရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်။
ဆက်သွယ်ချင်တယ်ဆိုရင်တော့ 09 077 160 671 ကို ဖုန်းလေးဆက်လိုက်ပါ။ လူကြီးမင်းတို့ သိချင်တာကို အသေးစိတ် ရှင်းပြပေးဖို့ စောင့်ကြိုနေပါတယ်။
#BCN #MSMENext #BCNERP #ERPNext
San Thida
Founder and Business Development Director @ Business Centric Network
No comments yet. Login to start a new discussion Start a new discussion