Contact us on +95 9 977 160671 or info@bcncl.com

လစာမတွက်ချက်မီ ဝန်ထမ်းအချက်အလက်တွေကို စစ်ဆေးပြီးပြီလား?

Payroll မတွက်ချက်မီ ဝန်ထမ်းနုတ်ထွက်မှု၊ အသစ်ခန့်ထားမှု၊ လစာတိုးမြှင့်မှုနဲ့ လစာသတ်မှတ်ချက်တွေကို အရင်စစ်ဆေးထားမှ လစာအမှားနည်းပြီး အချိန်ကုန်သက်သာစေပါတယ်။

 · 1 min read

လစာတွက်ချက်တဲ့အခါ အချိန်ကုန်တာ၊ မှားယွင်းတာတွေဟာ လစာတွက်ချက်တဲ့အဆင့်မှာတင် ဖြစ်ပေါ်တာမဟုတ်ပါဘူး။ လစာမတွက်ချက်မီ ဝန်ထမ်းအချက်အလက်တွေကို အချိန်မီ ပြန်လည်စစ်ဆေး၊ အတည်ပြုထားခြင်း မရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဝန်ထမ်းအသစ်ခန့်ထားတာ၊ ဝန်ထမ်းနုတ်ထွက်တာ၊ လစာတိုးမြှင့်တာ စတဲ့ အပြောင်းအလဲတွေကို Payroll မတွက်ချက်မီ စစ်ဆေးထားဖို့ လိုအပ်ပါတယ်။

Payroll မတွက်ချက်မီ ဘာတွေစစ်ဆေးသင့်လဲ?

၁။ ဝန်ထမ်းနုတ်ထွက်စာရင်း

နုတ်ထွက်သည့်ရက်၊ နောက်ဆုံးအလုပ်လုပ်သည့်ရက်နဲ့ နောက်ဆုံးပေးချေရမည့် လစာများကို စစ်ဆေးပါ။ နုတ်ထွက်ပြီးသား ဝန်ထမ်းများကို လစာစာရင်းထဲ မလိုအပ်ဘဲ ထည့်သွင်းမိခြင်း မရှိစေရန် သတိပြုပါ။

၂။ ဝန်ထမ်းအသစ်ခန့်ထားမှုစာရင်း

အလုပ်စတင်သည့်ရက်၊ ရာထူး၊ ဌာနနဲ့ သက်ဆိုင်ရာ လစာအချက်အလက်များကို အတည်ပြုပါ။ လအလယ်တွင် အလုပ်စတင်သူများအတွက် လစာတွက်ချက်သည့်ကာလကိုလည်း စစ်ဆေးပါ။

၃။ လစာတိုးမြှင့်မှုစာရင်း

လစာအသစ်၊ စတင်အကျုံးဝင်သည့်ရက်နဲ့ သက်ဆိုင်ရာ အတည်ပြုချက်များကို စစ်ဆေးပါ။ သတ်မှတ်ထားသောနေ့မှသာ လစာအသစ် အကျုံးဝင်စေရန် သတိပြုပါ။

၄။ ဝန်ထမ်းအသစ်များ၏ လစာသတ်မှတ်ချက်

အခြေခံလစာ၊ ခံစားခွင့်များနဲ့ သက်ဆိုင်ရာ Salary Structure Assignment များ မှန်ကန်မှုရှိမရှိ စစ်ဆေးပါ။

၅။ Attendance, Leave နှင့် Payroll Adjustments

အလုပ်တက်ရက်၊ ခွင့်ရက်၊ OT၊ Allowance၊ Deduction နဲ့ အခြားလစာညှိနှိုင်းမှုများကို စစ်ဆေးပါ။

ကြိုတင်စစ်ဆေးထားခြင်းရဲ့ အကျိုးကျေးဇူး

ဒီအချက်တွေကို လစာမတွက်ချက်မီ စစ်ဆေးအတည်ပြုထားမယ်ဆိုရင် နောက်ပိုင်းမှာ လစာပြန်လည်ပြင်ဆင်ရတာတွေ၊ ထပ်မံတွက်ချက်ရတာတွေကို လျှော့ချနိုင်ပါတယ်။ HR၊ Payroll နဲ့ Finance တာဝန်ရှိသူများအကြား အချက်အလက်ကွာဟမှုကိုလည်း လျှော့ချနိုင်ပါတယ်။

Frappe HRMS နဲ့ ဘယ်လိုစီမံခန့်ခွဲနိုင်မလဲ?

Frappe HRMS ကို အသုံးပြုပြီး Employee Records, Salary Structure Assignment, Attendance, Leave နဲ့ Payroll Entry တို့ကို စနစ်တကျ စီမံခန့်ခွဲနိုင်ပါတယ်။ ဒါပေမဲ့ Payroll ကို အလိုအလျောက်တွက်ချက်နိုင်ခြင်းတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ထည့်သွင်းထားတဲ့ အချက်အလက်တွေ မှန်ကန်နေဖို့လည်း အရေးကြီးပါတယ်။

Payroll မှန်ကန်ဖို့ဆိုတာ လစာတွက်ချက်တဲ့နေ့မှ စတင်တာမဟုတ်ပါဘူး။ လစာမတွက်ချက်မီ ဝန်ထမ်းအချက်အလက်တွေကို စနစ်တကျ စစ်ဆေးထားခြင်းကနေ စတင်တာဖြစ်ပါတယ်။

Business Centric Network (BCN) အနေနဲ့ လုပ်ငန်းတွေရဲ့ HR နဲ့ Payroll Process တွေကို Frappe HRMS အသုံးပြုပြီး ပိုမိုစနစ်ကျစွာ စီမံခန့်ခွဲနိုင်ဖို့ Implementation နဲ့ Consulting ဝန်ဆောင်မှုတွေ ပေးအပ်လျက်ရှိပါတယ်။


San Thida

Founder and Business Development Director @ Business Centric Network

No comments yet.

Add a comment
Ctrl+Enter to add comment