Stock
FIFO or Average, Perpetual or Periodic, Negative Stock Control, Variant, Multi UOM, Batch (Expiry), Serial, Reorder Level
·
2 min read

ERPNext မှာ Inventory ကို Periodic လား Perpetual လား စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်ပါတယ်။
Costing တွက်တဲ့ အခါမှာလည်း Average Costing သို့ FIFO ကို လုပ်ငန်းတစ်ခု လုံးအနေနဲ့ အများဆုံးအသုံးပြုမည့် Method ကို သတ်မှတ်ထားပြီး အချို့ Item များမှာ စိတ်ကြိုက်ပြန်လည် သတ်မှတ်နိုင်ပါတယ်။
သင့်လုပ်ငန်းက Mini Store and Electronic Goods များရောင်းချတယ် ဆိုပါစို့၊ Mini Store မှာ ရောင်းချတဲ့ ကုန်ပစ္စည်းများကို Average Costing သုံးပြီး၊ Electronic Goods များထဲမှ TV, Mobile Phone များကိုတော့ FIFO ကိုသုံးမယ်ဆိုရင်လည်း အသုံးပြုနိုင်ပါတယ်။
လုပ်ငန်းမှာ ဆိုင်ခွဲများ ရှိတဲ့အခါမှာ ရုံးချုပ်မှ အခြား ဆိုင်ခွဲများသို့ ကုန်ပစ္စည်းများ ပေးပို့ရာမှာ ကုန်ကျစရိတ်များ မတူနိုင်တာမို့ Location Based Average Costing ကို အသုံးပြုမယ်ဆိုရင်လည်း အသုံးပြုလို့ရနိုင်တာကြောင့် ဆိုင်ခွဲတစ်ခုချင်းစီရဲ့ Gross Profit ကိုလည်း တိကျစွာ ရရှိနိုင်မှာဖြစ်ပါတယ်။
ကုန်ပစ္စည်း အဝယ်စာရင်းမသွင်းသေးပဲ အရောင်းစာရင်းအရင် သွင်းခွင့်ပေးမယ်ဆိုရင်တော့ Negative Stock Allow လုပ်ပြီး အသုံးပြုလို့ရပါတယ်။

ကုန်ပစ္စည်းပိုင်းမှာ
- Fashion Shop တွေမှာ အသုံးပြုမယ်ဆိုရင် အရောင်၊အရွယ်အစားအလိုက် Qty Control လုပ်မယ် ဆိုရင် Variant ကို အသုံးပြုနိုင်ပါတယ်။ ဝယ်သူလိုချင်တဲ့ အရောင် နဲ့ အရွယ်အစား လက်ကျန်ရှိ၊ မရှိ အလွယ်တကူ သိနိုင်ပါတယ်။ မိမိဆိုင်မှာ မရှိရင်တော့ အခြား ဆိုင်ခွဲ သို့ Warehouse မှာ ရှိလားဆိုတာကိုပါ အလွယ်တကူ သိနိုင်ပါတယ်။
- Multi UOM and Conversion Unit ကို ကုန်ပစ္စည်းတစ်ခုချင်းစီမှာ သတ်မှတ်ထားနိုင်တာမို့ ဝယ်တဲ့အခါ Pack သို့ Box အလိုက်ဝယ်ယူပြီး၊ ရောင်းတဲ့အခါ သို့ ထုတ်လုပ်မှုပိုင်းမှာ ပြန်လည် အသုံးပြုတဲ့ အခါမှာ gram, pcs, pack စသည်ဖြင့် အသုံးပြုနိုင်ပါတယ်။
- UOM အလိုက် ရောင်းဈေးများ ကြိုတင်သတ်မှတ်ထားနိုင်တာမို့ လက်ကားဈေးနဲ့ လက်လီ ဈေးကို တစ်ခါထဲ သတ်မှတ်နိုင်ပါတယ်။ ဥပမာ ဆေးဆိုင်တွေမှာ ဆေးကို ကဒ်ဈေး၊ တစ်လုံးချင်းဈေး နဲ့ ဘူးဈေးတွေကို သတ်မှတ်ထားနိုင်ပါတယ်။
- ရောင်းဈေးကို UOM အလိုက်သာမက ဝယ်ယူတဲ့ အရေအတွက် ပေါ်မှာလည်း ဈေးနှုန်းအမျိုးမျိုးသတ်မှတ်ထားနိုင်တဲ့အပြင် အချိန်အခါအလိုက် လျော့ဈေးတွေ၊ လက်ဆောင်ပစ္စည်းတွေကို ပါ သတ်မှတ်ပေးထားလို့ရနိုင်ပါတယ်။ ဆိုင်သစ်ဖွင့်ပွဲ မို့ အဲ့တစ်ဆိုင်ပဲ အထူးဈေးတွေ သတ်မှတ်ချင်တာမျိုး၊ Loyal Customer မို့ အထူးလျော့ဈေးပေးချင်တာကို ပါ Customer Group သို့ Warehouse သို့ Territory အလိုက် သတ်မှတ်လို့ရပါတယ်။
- စားသောက်ကုန် နှင့် ဆေးပစ္စည်းများ မှာ သက်တမ်းကုန်ဆုံးမည့် ရက်စွဲကိုပါ သတ်မှတ်နိုင်တာမို့ အလေအလွင့်များကို လျော့ချနိုင်ပါတယ်။ မကြာမီ သက်တမ်းကုန်မည့် ကုန်ပစ္စည်းလက်ကျန်အရေအတွက် ကို လွယ်ကူစွာ စစ်ဆေးနိုင်ပါတယ်။
- ကုန်ပစ္စည်းတစ်ခုချင်းစီရဲ့ Gross Profit ကို သိနိုင်တာမို့ Promotion ပေးတဲ့အခါ ဘယ်လောက်အထိ လျော့ချလို့ ရနိုင်မလဲ ဆိုတာကို အလွယ်တကူ သတ်မှတ်နိုင်ပါတယ်။
- ဆေးတွေမှာ Generic name တွေတူပြီး ထုတ်လုပ်တဲ့ ကုမ္ပဏီအလိုက် ဆေးအမည်တွေ မတူတာကို လက်ရှိဆေးနဲ့ Generic name တူတဲ့အခြားဆေးများကိုလည်း လွယ်ကူစွာရှာနိုင်ပါတယ်။
- ကုန်ပစ္စည်းများကို တစ်ခုချင်း သာမက အမျိုးအစားမတူသည့် ပစ္စည်းများအား စုစည်း ရောင်းချနိုင်ပါတယ်။ လက်ဆောင်ခြင်းများ၊ ခေါင်းလျှော်ရည်နှင့် ဆံပင်ပျော့ဆေး တွဲဖက် ရောင်းခြင်းများကိုလည်း လွယ်ကူစေပါတယ်။
- Product Information and Pricing များကိုလည်း ERPNext ရဲ့ Products မှာ လွယ်ကူစွာ ပြလို့ရပါတယ်။
စတင် အသုံးမပြုမီမှာ ကုန်ကျစရိတ်နှင့် လူကြီးမင်းတို့ လုပ်ငန်းနှင့် ကိုက်ညီမှု ရှိ၊ မရှိကို အသေးစိတ်ဆွေးနွေးလိုတယ် ဆိုရင်တော့ 09 977 160 671 ကို ဆက်သွယ်နိုင်ပါတယ်။ အခု blog ကိုလည်း ERPNext မှာ ပါတဲ့ blog features ကို အသုံးပြုထားပါတယ်။
San Thida
Founder and Business Development Director @ Business Centric Network

No comments yet. Login to start a new discussion Start a new discussion