Contact us on +95 9 977 160671 or info@bcncl.com

ERP System ဝယ်ပြီးပေမယ့် ဘာကြောင့် အလုပ်မဖြစ်သေးတာလဲ?

ERP System အသုံးပြုပေမယ့် အလုပ်မဖြစ်သေးတဲ့ အကြောင်းရင်းများနှင့် အောင်မြင်သော ERP Implementation အတွက် Mindset၊ Data Quality နှင့် Right Fit တို့၏ အရေးပါမှု။

 · 2 min read

ERP System တစ်ခုကို ရင်းနှီးမြှုပ်နှံပြီး အသုံးပြုနေပါလျက်နဲ့ စာရင်းတွေ မကိုက်သေးတာ၊ ဝန်ထမ်းတွေက Excel နဲ့ပဲ ဆက်လုပ်နေတာ၊ Management က လိုချင်တဲ့ Report တွေ မရသေးတာမျိုး ကြုံဖူးပါသလား။

Software မကောင်းလို့လား၊ Implementation အဆင်မပြေလို့လား၊ လုပ်ငန်းတွင်း စီမံခန့်ခွဲမှု အားနည်းနေလို့လားဆိုတာ ဆန်းစစ်ဖို့ လိုပါတယ်။

၁။ Software ထက် Mindset က ပိုအရေးကြီးပါတယ်

ERP ဆိုတာ လုပ်ငန်းပြဿနာအားလုံးကို အလိုအလျောက် ဖြေရှင်းပေးနိုင်တဲ့ မှော်တုတ်တစ်ချောင်း မဟုတ်ပါဘူး။ လုပ်ငန်းဆောင်ရွက်ပုံ၊ တာဝန်ယူမှုနဲ့ အလုပ်လုပ်တဲ့ အလေ့အကျင့်တွေကိုပါ ပြောင်းလဲခြင်း ဖြစ်ပါတယ်။

  • အရောင်းဝန်ထမ်းက အရောင်းစာရင်းကို အချိန်မီ မသွင်းဘူး။
  • ဂိုဒေါင်ဝန်ထမ်းက ပစ္စည်းထုတ်ပေးပြီးမှ Stock စာရင်းသွင်းတယ်။
  • စာရင်းကိုင်က Excel နဲ့ သီးခြားစာရင်း ဆက်လုပ်နေတယ်။
  • Management က ERP Report တွေအစား လက်ရေးစာရင်းကိုပဲ အားကိုးနေတယ်။

ဒီလိုအခြေအနေမှာ Software ဘယ်လောက်ကောင်းကောင်း အချက်အလက်တွေ တိကျဖို့ ခက်ခဲပါလိမ့်မယ်။ Management Commitment၊ User Adoption နဲ့ Change Management တို့ဟာ ERP Implementation ရဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်ပါတယ်။

၂။ Input မှားရင် Output လည်း မှားမှာပါ

Garbage In, Garbage Out (GIGO) ဆိုတဲ့ အခြေခံသဘောတရားဟာ ERP System တွေအတွက် အလွန်အရေးကြီးပါတယ်။

  • Opening Stock မမှန်ရင် Stock Balance မမှန်နိုင်ပါဘူး။
  • Opening Balance မမှန်ရင် Financial Statements တွေ မှားယွင်းနိုင်ပါတယ်။
  • ဝယ်ဈေးနဲ့ ကုန်ကျစရိတ် မမှန်ရင် Gross Profit လွဲမှားနိုင်ပါတယ်။
  • Customer နဲ့ Supplier အချက်အလက်တွေ ထပ်နေပါက အကြွေးစာရင်းတွေ ရှုပ်ထွေးလာနိုင်ပါတယ်။

ဒါကြောင့် Master Data Preparation၊ Data Cleansing and Validation၊ SOP၊ User Training၊ User Acceptance Testing (UAT) နဲ့ Data Reconciliation တို့ကို ဦးစားပေးသင့်ပါတယ်။

Report တစ်ခု မှန်ကန်ဖို့ Report ကို ပြင်ဆင်ရုံနဲ့ မလုံလောက်ပါဘူး။ မူလအချက်အလက်နဲ့ လုပ်ငန်းစဉ်တွေကိုပါ စစ်ဆေးဖို့ လိုပါတယ်။

၃။ လုပ်ငန်းနဲ့ ကိုက်ညီတဲ့ Right Fit ဖြစ်ဖို့ လိုပါတယ်

နာမည်ကြီးတဲ့ ERP System ဖြစ်တိုင်း ကိုယ့်လုပ်ငန်းအတွက် အကောင်းဆုံးဖြစ်မယ်လို့ မဆိုနိုင်ပါဘူး။

လက်လီအရောင်းဆိုင်အတွက် POS နဲ့ Inventory Management က အရေးကြီးသလို Trading Business အတွက် Purchase၊ Landed Cost၊ Multi-Currency နဲ့ Credit Control တို့က ပိုအရေးပါနိုင်ပါတယ်။ Manufacturing Business မှာတော့ Production Planning၊ Bill of Materials နဲ့ Production Costing တို့ကို ဦးစားပေးရမှာ ဖြစ်ပါတယ်။

ERP ရွေးချယ်ရာမှာ Business Requirements၊ Business Process Mapping၊ Fit-Gap Analysis၊ Internal Control၊ Scalability နဲ့ Implementation and Support Capability တို့ကို ဆန်းစစ်သင့်ပါတယ်။

လက်ရှိလုပ်ငန်းဆောင်ရွက်ပုံတိုင်းကို Software ထဲမှာ အတိအကျ ပြန်တည်ဆောက်ဖို့ မလိုအပ်ပါဘူး။ ပိုမိုကောင်းမွန်တဲ့ Standard Business Process တွေကို အသုံးပြုပြီး ပြုပြင်သင့်တဲ့နေရာမှာ ပြုပြင်ဖို့ လိုပါတယ်။

ERP Implementation အောင်မြင်ဖို့ BCN ရဲ့ ချဉ်းကပ်ပုံ

BCN မှာ ERPNext Implementation ဆောင်ရွက်တဲ့အခါ လုပ်ငန်းလိုအပ်ချက် ဆန်းစစ်ခြင်း၊ Standard Features များနှင့် ကိုက်ညီမှု စစ်ဆေးခြင်း၊ Data ပြင်ဆင်ခြင်း၊ User Training၊ UAT နဲ့ Go-Live ပြီးနောက် Support ပေးခြင်းတို့ကို အဆင့်လိုက် ဆောင်ရွက်ပါတယ်။

Standard Features များကို ဦးစားပေးပြီး အမှန်တကယ်လိုအပ်သည့် အပိုင်းများကိုသာ ပြင်ဆင်ခြင်းက ရေရှည်ထိန်းသိမ်းစရိတ်နဲ့ System Complexity ကို လျှော့ချနိုင်ပါတယ်။

နိဂုံးချုပ်

ERP Implementation အောင်မြင်မှုကို Software Install လုပ်ပြီးသွားခြင်း၊ Go-Live လုပ်ပြီးသွားခြင်းတို့နဲ့သာ တိုင်းတာလို့ မရပါဘူး။

စာရင်းတွေ ပိုတိကျလာသလား၊ ဝန်ထမ်းတွေရဲ့ အလုပ်ချိန် သက်သာလာသလား၊ Internal Control ပိုကောင်းလာသလား၊ Management က ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေနဲ့ ဆုံးဖြတ်ချက်ချနိုင်ပြီလားဆိုတာတွေကသာ အရေးကြီးပါတယ်။

ERP ဆိုတာ Software တစ်ခုထက် ပိုပါတယ်။ လုပ်ငန်းတစ်ခုလုံးရဲ့ အလုပ်လုပ်ပုံနဲ့ စီမံခန့်ခွဲမှု အလေ့အကျင့်အသစ်တစ်ခု ဖြစ်ပါတယ်။

ERPNext Implementation၊ Business Process Improvement နှင့် Digital Transformation အတွက် BCN သို့ ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။

Business Centric Network Co., Ltd. (BCN) — Frappe Bronze Partner

Let's go to Success!


San Thida

Founder and Business Development Director @ Business Centric Network

No comments yet.

Add a comment
Ctrl+Enter to add comment