Contact us on +95 9 977 160671 or info@bcncl.com

ERPNext Pricing Control ဖြင့် Profit Margin ကို ကာကွယ်ပါ

ရောင်းအားတက်နေတာက အောင်မြင်မှုရဲ့ အမှတ်အသားဖြစ်ပေမယ့် ဝယ်ဈေးပြောင်းလဲမှုကို အချိန်မီ မထိန်းချုပ်နိုင်ရင် အမြတ်က လျော့နည်းသွားနိုင်ပါတယ်။ ERPNext Pricing Control က Margin ကို ကာကွယ်ပြီး Pricing Error မ

 · 1 min read

ဝယ်ဈေးတက်သွားတာ မသိလိုက်ဘဲ အရင်းအောက်ဈေးနဲ့ ရောင်းမိနေပြီလား?

Trading လုပ်ငန်းများတွင် ကုန်ပစ္စည်းဝယ်ဈေးများ အမြဲတမ်း မတည်ငြိမ်ဘဲ ပြောင်းလဲနေတတ်ပါသည်။ သို့သော် ဝယ်ဈေးပြောင်းသွားသည့်အချိန်တိုင်း ရောင်းဈေးကိုလည်း အချိန်မီ ပြင်ဆင်နိုင်ခြင်း မရှိပါက လုပ်ငန်း၏ အမြတ်အစွန်းအပေါ် တိုက်ရိုက် သက်ရောက်မှုရှိလာနိုင်ပါသည်။

ဥပမာအားဖြင့် ယနေ့ ကုန်ပစ္စည်းဝယ်ဈေး တက်သွားသော်လည်း Sales Team က ဈေးဟောင်းဖြင့် ဆက်လက်ရောင်းချနေပါက ရောင်းအားကောင်းနေသော်လည်း အမှန်တကယ် အမြတ်နှုန်း လျော့ကျသွားနိုင်ပါသည်။ ပိုမိုဆိုးရွားသော အခြေအနေတွင် ဝယ်ဈေးထက် နိမ့်သောဈေးဖြင့် ရောင်းချမိခြင်းကြောင့် အမြတ်မရသည့်အပြင် အရင်းပါ ထိခိုက်နိုင်ပါသည်။

Pricing Control က ဘာကြောင့် အရေးကြီးသလဲ?

လုပ်ငန်းအများစုတွင် ဈေးနှုန်းထိန်းချုပ်မှုကို လူအင်အားဖြင့် လုပ်ဆောင်နေဆဲဖြစ်ပါသည်။ သို့သော် Item အရေအတွက်များလာခြင်း၊ Supplier များပြားလာခြင်းနှင့် ဝယ်ဈေးမကြာခဏ ပြောင်းလဲနေခြင်းများကြောင့် Manual Control သည် အမှားဖြစ်နိုင်ခြေ မြင့်မားလာသည်။

Salesperson တစ်ဦးချင်းစီက Item တိုင်း၏ နောက်ဆုံးဝယ်ဈေး သို့မဟုတ် အနည်းဆုံးရောင်းသင့်သောဈေးကို အမြဲမှတ်ထားနိုင်မည် မဟုတ်ပါ။

ထို့ကြောင့် Pricing Control ကို လူအပေါ် မှီခိုနေခြင်းထက် System အပေါ် အခြေခံ၍ စီမံခန့်ခွဲခြင်းက ပိုမိုထိရောက်သော နည်းလမ်းဖြစ်လာပါသည်။

ERPNext ဖြင့် Margin ကို ဘယ်လို ကာကွယ်နိုင်သလဲ?

ERPNext တွင် Selling Price၊ Price List နှင့် Minimum Selling Rate များကို သတ်မှတ်အသုံးပြုနိုင်ပြီး ရောင်းဈေး အလွန်နိမ့်သွားခြင်းကို စနစ်အလိုက် စစ်ဆေးထိန်းချုပ်နိုင်ပါသည်။

ထို့အပြင် Costing နှင့် Margin များကို တိုက်ရိုက်ချိတ်ဆက်ထားနိုင်သဖြင့် လုပ်ငန်း၏ အမြတ်အစွန်းကို ပိုမိုတိကျစွာ စီမံနိုင်ပါသည်။

ERPNext ကို အသုံးပြုခြင်းဖြင့် -

ဝယ်ဈေး (Cost) ပြောင်းလဲမှုများကို စနစ်တကျ မှတ်တမ်းတင်နိုင်ခြင်း Item Price များကို Price List များအလိုက် စီမံခန့်ခွဲနိုင်ခြင်း Minimum Selling Rate သတ်မှတ်၍ အောက်ဈေးရောင်းချခြင်းကို ကာကွယ်နိုင်ခြင်း Pricing Error များကို လျှော့ချနိုင်ခြင်း Sales, Stock, Costing နှင့် Profitability ကို ဆက်စပ်သုံးသပ်နိုင်ခြင်း

စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

လူကို မစစ်ခိုင်းဘဲ System ကို စစ်ခိုင်းပါ

လုပ်ငန်းကြီးလာသည်နှင့်အမျှ Item အရေအတွက်နှင့် Transaction အရေအတွက်များ တိုးပွားလာပါသည်။ ထိုအချိန်တွင် လူများက ဈေးနှုန်းတစ်ခုချင်းစီကို စစ်ဆေးထိန်းချုပ်နေခြင်းထက် System Rules များဖြင့် ထိန်းချုပ်ခြင်းက ပိုမိုယုံကြည်စိတ်ချရပါသည်။

ရောင်းအားတိုးလာတိုင်း အမြတ်လည်း တိုးလာစေရန် Pricing Strategy တစ်ခုရှိရုံမက Pricing Control ကိုလည်း စနစ်တကျ ချမှတ်ထားရန် လိုအပ်ပါသည်။

Sell More. But Never Lose Control of Your Margin.

ERPNext ကို သင့်လုပ်ငန်းအတွက် အကောင်းဆုံးအသုံးချရန်

ERPNext ၏ Pricing Control, Inventory Management, Sales Management နှင့် Business Automation လုပ်ဆောင်ချက်များကို သင့်လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီစွာ အသုံးချလိုပါက Business Centric Network (BCN) နှင့် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

Business Centric Network (BCN) Your Trusted Frappe Partner in Myanmar

📞 Phone / Viber: +95 9 977 160 671 📧 Email: info@bcncl.com 🌐 Website: https://www.bcncl.com


San Thida

Founder and Business Development Director @ Business Centric Network

No comments yet.

Add a comment
Ctrl+Enter to add comment