Contact us on +95 9 977 160671 or info@bcncl.com

ERPNext for Retail

လက်လီဆိုင်များအတွက် ERPNext for Retail


ERPNext သည် ကမ္ဘာ့အကောင်းဆုံး ERP များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး၊ ERPNext ကို စီးပွားရေးလုပ်ငန်း အမျိုးမျိုးမှာ အသုံးပြုနေကြတာဖြစ်ပါတယ် လက်လီအရောင်းဆိုင်တွေမှာ အသုံးပြုမယ်ဆိုရင် နေ့စဉ် လုပ်ဆောင်ချက်တွေဖြစ်တဲ့ အရောင်း၊ အဝယ် သာမက၊ လုပ်ငန်း တစ်ခု လုံးရဲ့ ဘဏ္ဍာရေးရှင်းတမ်းများအထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

  • ဆိုင်ခွဲ တစ်ခုချင်းသာမက၊ ဆိုင်ခွဲများကိုပါ ပေါင်းစည်း အသုံးပြုနိုင်ပါတယ်။
  • ကုန်လက်ကျန်များကို ဆိုင်ခွဲအလိုက်ဖြစ်စေ၊ ပေါင်းစည်းပြီးဖြစ်စေ ကြည့်ရှု့နိုင်ပါတယ်။
  • သတ်မှတ်ကုန်လက်ကျန်ထက်နည်းနေပါက အဝယ်အမှာစာတင်ရန် အလိုအလျောက် လုပ်ဆောင်ပေးသည့် စနစ်ပါဝင်ပါတယ်။
  • ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်တမ်းကုန်ရက်စွဲသတ်မှတ်ခြင်း၊ Batch and Serial များ သတ်မှတ်အသုံးပြုနိုင်ပါတယ်။
  • ငွေပေးချေမှုစနစ် အမျိုးမျိုးအသုံးပြုနိုင်သည်သာ မက အကြွေးရောင်းခြင်း၊ အဝယ်အမှာစာ လက်ခံသည့် စနစ်များကိုပါ အသုံးပြုနိုင်ပါတယ်။
  • စားသောက်ဆိုင်များအတွက်လည်း ရောင်းချသည့် ပစ္စည်း၏ ကုန်ကျစရိတ်ကို ကုန်ကြမ်းအသုံးပြုသည့်အပေါ်တွင် တွက်ချက်ပေးနိုင်ပါတယ်။
  • ဘားကုတ်များအသုံးပြုနိုင်ပြီး၊ ကုန်ပစ္စည်းတစ်ခုတွင် ဘားကုတ်တစ်ခု ထက်ပိုမို အသုံးပြုနိုင်ပါတယ်။
  • အရောင်းအစီရင်ခံစာများကို ဆိုင်ခွဲအလိုက်၊ ဝယ်သူအလိုက်၊ ကုန်ပစ္စည်းအလိုက် စသည့်ဖြင့် ခွဲခြားကြည့်ရှု့နိုင်ပါတယ်။
  • အသုံးပြုသူအလိုက် လုပ်ပိုင်ခွင့်များခွဲခြားသတ်မှတ်နိုင်ပါတယ်။
  • ရောင်းဈေးများကိုလည်း ဆိုင်ခွဲအလိုက်၊ သတ်မှတ်ကာလအလိုက် ခွဲခြားသတ်မှတ်နိုင်သည့်အပြင်၊ ဝယ်ယူသည့်ပစ္စည်းအပေါ်မူတည်ပြီး လက်ဆောင်ပစ္စည်းပေးခြင်း၊ ဈေးလျော့ပေးခြင်းများကိုလည်း အသုံးပြုနိုင်ပါတယ်။
  • ဆိုင်၏ အထွေထွေအသုံးစရိတ်များကိုလည်းထည့်သွင်းမှတ်သားနိုင်သည့်အပြင်၊ လုပ်ငန်းစတင်လည်ပါတ်သည့်အချိန်မှ ထည့်ဝင်သည့်ရင်းနှီးမြှပ်နှံမှုစာရင်းများ၊ လုပ်ငန်း၏ပုံသေပိုင်စာရင်းများကိုပါ ထည့်သွင်းမှတ်သားနိုင်သည့်အတွက် လုပ်ငန်းတစ်ခုလုံး၏ အရှုံးအမြတ်ရှင်းတမ်း၊ လက်ကျန်ရှင်းတမ်းများနှင့် ငွေသားစီးဆင်းမှုရှင်းတမ်းများကိုပါ ကြည့်ရှု့နိုင်သည့်အတွက် အရောင်းပိုင်းဆိုင်ရာနှင့် စာရင်းပိုင်းဆိုင်ရာ ကို ချိတ်ဆက်အသုံးပြုနိုင်ခြင်းကြောင့် လုပ်ငန်းအတွက်အမှန်တကယ် အထောက်အကူပြုမည့် စနစ်တစ်ခုဖြစ်ပါသည်။


San Thida

Founder and Business Development Director @ Business Centric Network

No comments yet.

Add a comment
Ctrl+Enter to add comment