Contact us on +95 9 977 160671 or info@bcncl.com

ERPNext Fixed Asset Management

လုပ်ငန်းတစ်ခုတွင် ပုံမှန်လုပ်ငန်းလည်ပတ်မှုအတွက် ရေရှည်အသုံးပြုရန် ရည်ရွယ်ထားသော ပိုင်ဆိုင်မှုများကို Fixed Assets အဖြစ် စာရင်းသွင်းလေ့ရှိပါသည်။

 · 3 min read

ERPNext Fixed Asset Management – ပုံသေပိုင်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲခြင်း

လုပ်ငန်းတစ်ခုတွင် Fixed Assets များလာသည်နှင့်အမျှ Asset တစ်ခုချင်းစီ၏ ဝယ်ယူတန်ဖိုး၊ အသုံးပြုနေသည့်နေရာ၊ တန်ဖိုးလျော့မှု၊ ပြုပြင်ထိန်းသိမ်းမှုနှင့် လက်ရှိစာရင်းတန်ဖိုးတို့ကို စနစ်တကျ ထိန်းချုပ်ရန် လိုအပ်လာပါသည်။

ERPNext Fixed Asset Management ကို အသုံးပြုခြင်းဖြင့် Fixed Asset တစ်ခုကို ဝယ်ယူသည့်အချိန်မှ စတင်၍ Depreciation, Transfer, Repair, Revaluation နှင့် Sale/Disposal ပြုလုပ်သည့်အချိန်အထိ Asset Lifecycle တစ်ခုလုံးကို Accounting နှင့် ချိတ်ဆက်၍ စီမံခန့်ခွဲနိုင်ပါသည်။

Fixed Assets ဆိုတာ ဘာလဲ?

လုပ်ငန်းတစ်ခုတွင် ပုံမှန်လုပ်ငန်းလည်ပတ်မှုအတွက် ရေရှည်အသုံးပြုရန် ရည်ရွယ်ထားသော ပိုင်ဆိုင်မှုများကို Fixed Assets အဖြစ် စာရင်းသွင်းလေ့ရှိပါသည်။

ဥပမာ —

  • မြေ (Land)
  • အဆောက်အဦး (Building)
  • စက်ရုံနှင့် ထုတ်လုပ်ရေးအဆောက်အအုံများ
  • ယာဉ်များ (Vehicles)
  • စက်ပစ္စည်းများ (Machinery)
  • ပရိဘောဂများ (Furniture)
  • ရုံးသုံးနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ (Equipment)

Fixed Asset တစ်မျိုးနှင့်တစ်မျိုးတွင် Useful Life, Depreciation Method နှင့် Accounting Treatment များ ကွာခြားနိုင်သဖြင့် Asset များကို အမျိုးအစားခွဲ၍ စနစ်တကျ စီမံရန် အရေးကြီးပါသည်။

ERPNext Fixed Asset Management ဆိုတာ ဘာလဲ?

ERPNext တွင် Fixed Assets များကို Asset Register တစ်ခုအဖြစ် မှတ်တမ်းတင်ထားရုံသာမက Asset ၏ Lifecycle တစ်လျှောက် ဖြစ်ပေါ်လာသည့် Transaction များကိုလည်း စီမံနိုင်ပါသည်။

Purchase / Acquisition → Capitalization → Asset Registration → Location & Transfer → Depreciation → Repair & Maintenance → Revaluation → Sale / Disposal

ထို့ကြောင့် Asset Register, Depreciation Schedule နှင့် Accounting Records များကို သီးခြား Excel Files များဖြင့် ထိန်းသိမ်းနေရမှုကို လျှော့ချနိုင်ပါသည်။

Asset Category အလိုက် စီမံခြင်း

Land, Building, Vehicle, Machinery, Furniture နှင့် Equipment စသည့် Fixed Assets များကို Asset Category အလိုက် ခွဲခြားသတ်မှတ်နိုင်ပါသည်။

Asset Category အလိုက် သက်ဆိုင်ရာ Accounting Accounts နှင့် Depreciation ဆိုင်ရာ သတ်မှတ်ချက်များကို ချိတ်ဆက်ထားနိုင်သဖြင့် Asset Accounting ကို ပိုမိုစနစ်တကျ ဆောင်ရွက်နိုင်ပါသည်။

Fixed Asset Depreciation

Fixed Asset များ၏ Useful Life နှင့် အသုံးပြုမည့် Depreciation Method အပေါ်မူတည်၍ တန်ဖိုးလျော့အစီအစဉ်ကို သတ်မှတ်နိုင်ပါသည်။

Asset တစ်ခု စတင်အသုံးပြုသည့်အချိန်မှစ၍ သတ်မှတ်ထားသော Depreciation Schedule အတိုင်း Depreciation Entries များကို စီမံနိုင်ပါသည်။

ထို့ကြောင့် Fixed Asset တစ်ခုချင်းစီအတွက် Depreciation ကို Excel ဖြင့် သီးခြားတွက်ချက်နေရခြင်းကို လျှော့ချနိုင်ပြီး Asset ၏ လက်ရှိ Book Value ကိုလည်း စနစ်တကျ စစ်ဆေးနိုင်ပါသည်။

Asset Location နှင့် Asset Transfer

Fixed Asset တစ်ခုကို ဘယ်ရုံးခွဲ၊ ဘယ်ဌာန သို့မဟုတ် ဘယ်နေရာတွင် အသုံးပြုနေသည်ကို Asset Location ဖြင့် သတ်မှတ်နိုင်ပါသည်။

ဥပမာ —

Head Office → Yangon Branch → Mandalay Branch

ကဲ့သို့ Asset တစ်ခုကို နေရာတစ်ခုမှ တစ်နေရာသို့ ပြောင်းရွှေ့အသုံးပြုပါက Transfer History ကို မှတ်တမ်းတင်ထားနိုင်ပါသည်။

ထို့ကြောင့် လက်ရှိ Asset Location နှင့် ယခင်ရွှေ့ပြောင်းအသုံးပြုခဲ့သည့် History ကို ပြန်လည်စစ်ဆေးနိုင်ပါသည်။

Asset Repair နှင့် Maintenance

ယာဉ်၊ စက်ပစ္စည်းနှင့် အခြား Fixed Assets များတွင် ပြုပြင်ထိန်းသိမ်းမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။

ERPNext တွင် Asset နှင့် သက်ဆိုင်သော Repair/Maintenance Information များကို မှတ်တမ်းတင်နိုင်သဖြင့် Asset တစ်ခုအတွက် ဖြစ်ပေါ်နေသော ပြုပြင်ထိန်းသိမ်းမှုအခြေအနေများကို ပိုမိုစနစ်တကျ စောင့်ကြည့်နိုင်ပါသည်။

Asset Revaluation

လုပ်ငန်း၏ Accounting Policy နှင့် သက်ဆိုင်ရာ စာရင်းကိုင်စံနှုန်းများအရ Fixed Asset တစ်ခု၏ တန်ဖိုးကို ပြန်လည်သတ်မှတ်ရန် လိုအပ်ပါက Asset Revaluation ပြုလုပ်နိုင်ပါသည်။

ထိုသို့ ပြန်လည်တန်ဖိုးသတ်မှတ်မှုများကို System အတွင်း မှတ်တမ်းတင်ထားနိုင်သဖြင့် Asset ၏ တန်ဖိုးပြောင်းလဲမှု History ကို ပြန်လည်စစ်ဆေးနိုင်ပါသည်။

Asset Sale နှင့် Disposal

အသုံးပြုရန်မလိုတော့သော သို့မဟုတ် အစားထိုးရန်လိုအပ်သော Fixed Asset များကို ရောင်းချခြင်းနှင့် စာရင်းမှ ဖယ်ရှားခြင်းတို့ကို စနစ်တကျ စီမံနိုင်ပါသည်။

Asset ရောင်းချသည့်အခါ Asset ၏ စာရင်းတန်ဖိုးနှင့် ရောင်းချရရှိသည့်တန်ဖိုးအကြား ဖြစ်ပေါ်လာသော Gain/Loss on Disposal ကို Accounting Records များတွင် ထည့်သွင်းစီမံနိုင်ပါသည်။

Capital Work in Progress (CWIP)

အဆောက်အဦးတည်ဆောက်နေခြင်း၊ Production Line တပ်ဆင်နေခြင်း သို့မဟုတ် စက်ပစ္စည်းကြီးများ Installation ပြုလုပ်နေခြင်းကဲ့သို့ အသုံးပြုရန် အဆင်သင့်မဖြစ်သေးသော Asset များ ကို ချက်ချင်း Depreciation စတင်တွက်ချက်ရန် မသင့်ပါ။

ထိုကာလအတွင်း Asset နှင့် တိုက်ရိုက်သက်ဆိုင်သော ကုန်ကျစရိတ်များကို Capital Work in Progress (CWIP) အဖြစ် စုဆောင်းထားနိုင်ပြီး Asset ကို အသုံးပြုရန် အဆင်သင့်ဖြစ်သည့်အချိန်တွင် Fixed Asset အဖြစ် Capitalize ပြုလုပ်နိုင်ပါသည်။

ထို့နောက် သတ်မှတ်ထားသော Depreciation Start Date အပေါ်မူတည်၍ Depreciation ကို စတင်စီမံနိုင်ပါသည်။

ERPNext Fixed Asset Management ကို ဘယ်လိုလုပ်ငန်းတွေမှာ အသုံးဝင်နိုင်သလဲ?

Fixed Assets များပြားသော —

Manufacturing, Distribution, Retail, Construction, Hotel & Restaurant, Hospital & Clinic, Education, Logistics နှင့် Multi-Branch Business များတွင် Asset Management System တစ်ခုထားရှိခြင်းသည် အထူးအသုံးဝင်နိုင်ပါသည်။

အထူးသဖြင့် ရုံးခွဲများပြားသော လုပ်ငန်းများတွင် Asset တစ်ခုချင်းစီ ဘယ်နေရာတွင်ရှိနေသည်၊ ဘယ်လောက်တန်ဖိုးလျော့ပြီးဖြစ်သည်နှင့် လက်ရှိ Book Value မည်မျှရှိသည်တို့ကို Centralized System တစ်ခုမှ စစ်ဆေးနိုင်ခြင်းသည် Management Control အတွက် အထောက်အကူဖြစ်စေပါသည်။

Frequently Asked Questions (FAQ)

  1. ERPNext မှာ Fixed Asset Depreciation တွက်လို့ရပါသလား?

ရပါသည်။ Asset အလိုက် Useful Life နှင့် Depreciation ဆိုင်ရာ သတ်မှတ်ချက်များအပေါ်မူတည်၍ Depreciation Schedule ကို စီမံနိုင်ပါသည်။

  1. Asset တစ်ခုကို ရုံးခွဲတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ထားတာ မှတ်တမ်းတင်နိုင်ပါသလား?

ရပါသည်။ Asset Location နှင့် Asset Movement/Transfer ဆိုင်ရာ လုပ်ဆောင်ချက်များကို အသုံးပြုပြီး Asset ၏ နေရာပြောင်းရွှေ့မှု History ကို ထိန်းသိမ်းနိုင်ပါသည်။

  1. Fixed Asset တစ်ခုကို ရောင်းချရင် ERPNext မှာ စာရင်းသွင်းနိုင်ပါသလား?

ရပါသည်။ Asset Disposal/Sale Process မှတစ်ဆင့် ရောင်းချမှုနှင့် သက်ဆိုင်သော Accounting Impact များကို စီမံနိုင်ပါသည်။

  1. တည်ဆောက်ဆဲ Building သို့မဟုတ် တပ်ဆင်ဆဲ Machinery ကို ဘယ်လိုစာရင်းသွင်းမလဲ?

အသုံးပြုရန် အဆင်သင့်မဖြစ်သေးသော Asset နှင့် သက်ဆိုင်သည့် ကုန်ကျစရိတ်များကို Capital Work in Progress (CWIP) အဖြစ် စုဆောင်းထားပြီး Asset အသုံးပြုရန် အဆင်သင့်ဖြစ်သည့်အချိန်တွင် Capitalize ပြုလုပ်နိုင်ပါသည်။

  1. ERPNext Fixed Asset Management ကို ဘာကြောင့် အသုံးပြုသင့်သလဲ?

Asset Register တစ်ခုသာ ထိန်းသိမ်းခြင်းမဟုတ်ဘဲ Asset Acquisition မှ Depreciation, Location Transfer, Repair, Revaluation နှင့် Disposal အထိ Asset Lifecycle တစ်ခုလုံးကို Accounting System နှင့် ချိတ်ဆက်စီမံနိုင်ခြင်း က အဓိကအားသာချက်ဖြစ်ပါသည်။

⸻

သင့်လုပ်ငန်းအတွက် ERPNext Fixed Asset Management

သင့်လုပ်ငန်းမှာ —

Asset ဘယ်နေရာမှာရှိနေလဲ? ဘယ်လောက်တန်ဖိုးလျော့ပြီးပြီလဲ? လက်ရှိ Book Value ဘယ်လောက်ရှိလဲ? ဘယ် Asset တွေ ပြုပြင်ထိန်းသိမ်းမှု လိုအပ်နေလဲ? ဘယ် Asset တွေ ရောင်းချရန် သို့မဟုတ် အစားထိုးရန် လိုအပ်နေပြီလဲ?

စသည့်အချက်များကို Excel Files များစွာဖြင့် လိုက်လံထိန်းသိမ်းနေရပါက ERPNext Fixed Asset Management ဖြင့် ပိုမိုစနစ်တကျ စီမံနိုင်ပါသည်။

သင့်လုပ်ငန်း၏ Asset Management Process နှင့် ERPNext ကိုက်ညီမှုရှိ၊ မရှိ အသေးစိတ်ဆွေးနွေးလိုပါက —

☎️ 09 977 160 671

ERPNext အသုံးပြုနေသော လုပ်ငန်းများ

https://bcnerp.com/erpnext-clients

ERPNext အသုံးပြုနည်း Videos & User Guides

https://docs.bcnerp.com/

Business Centric Network (BCN) Your Trusted Frappe Partner in Myanmar

ERPNext #FixedAssets #AssetManagement #Depreciation #Accounting #ERPMyanmar #Frappe #BCN


San Thida

Founder and Business Development Director @ Business Centric Network

No comments yet.

Add a comment
Ctrl+Enter to add comment