ERPNext + BCN Van Sales ဖြင့် Trading Business ကို စနစ်တကျ စီမံပါ
ERPNext နှင့် BCN Van Sales Module ဖြင့် Sales, Stock, Costing နှင့် Accounting ကို စနစ်တကျ ချိတ်ဆက်စီမံပြီး Trading & Distribution လုပ်ငန်းများကို ပိုမိုထိရောက်စွာ လည်ပတ်နိုင်ပါသည်။
Trading လုပ်ငန်းမှာ အရောင်းပြေစာတွေကို လက်နဲ့ရေးနေတုန်းလား?
လုပ်ငန်းကြီးထွားလာတာက သတင်းကောင်းတစ်ခုဖြစ်ပေမယ့် စနစ်မပြောင်းဘဲ အလုပ်လုပ်ပုံဟောင်းအတိုင်း ဆက်သွားနေမယ်ဆိုရင် လုပ်ငန်းရှေ့ဆက်တိုးတက်ဖို့ အတားအဆီးဖြစ်လာနိုင်ပါတယ်။
အထူးသဖြင့် Trading နှင့် Distribution လုပ်ငန်းများတွင် Customer များလာခြင်း၊ ပစ္စည်းအမျိုးအစားများ တိုးလာခြင်းနှင့် နေ့စဉ် အရောင်းအဝယ်များ များပြားလာခြင်းတို့ကြောင့် လက်ရေးပြေစာနှင့် Manual Record Keeping စနစ်များသည် ပိုမိုခက်ခဲလာလေ့ရှိသည်။
လက်ရေးပြေစာစနစ်ရဲ့ စိန်ခေါ်မှုများ
လုပ်ငန်းအများစုတွင် အောက်ပါတို့ကို မကြာခဏ ကြုံတွေ့ရတတ်ပါသည်။
- ပြေစာတစ်စောင်ချင်း ရေးသားရခြင်းကြောင့် အချိန်ကုန်ခြင်း
- ဈေးနှုန်း၊ Discount နှင့် Total Amount များ တွက်ချက်ရာတွင် အမှားအယွင်းဖြစ်နိုင်ခြင်း
- အရောင်းပြီးမှ Stock စာရင်းကို သီးခြားပြန်လည် Update ပြုလုပ်ရခြင်း
- လကုန်မှ စာရင်းများကို ပြန်လည်စုစည်းပြီး Reconciliation ပြုလုပ်ရခြင်း
ဒါပေမယ့် ပို၍အရေးကြီးတာက "ရောင်းအားဘယ်လောက်ရှိလဲ" ဆိုတာ သိရုံနဲ့ မလုံလောက်တော့ပါဘူး။
Business Owner များအတွက်
- ပစ္စည်းတစ်ခုရဲ့ အမှန်တကယ်ကုန်ကျစရိတ် (Cost)
- လက်ရှိ Stock လက်ကျန်
- ရောင်းချပြီး ကျန်ရှိတဲ့ Profit Margin
တို့ကို အချိန်နှင့်တပြေးညီ သိရှိနိုင်ဖို့ လိုအပ်လာပါတယ်။
ERPNext + BCN Van Sales ဖြင့် စနစ်တကျ စီမံခန့်ခွဲခြင်း
ERPNext နှင့် BCN Van Sales Module ကို တွဲဖက်အသုံးပြုခြင်းဖြင့် Sales, Stock, Costing နှင့် Accounting လုပ်ငန်းစဉ်များကို စနစ်တကျ ချိတ်ဆက်စီမံနိုင်ပါသည်။
ပိုမိုတိကျသော Costing
ပစ္စည်းဝယ်ယူစဉ် Purchase Cost တင်မက သက်ဆိုင်ရာ ကုန်ကျစရိတ်များကိုပါ ထည့်သွင်းတွက်ချက်နိုင်သောကြောင့် Stock Valuation ကို ပိုမိုတိကျစွာ ထိန်းချုပ်နိုင်ပါသည်။
Real-Time Stock Management
Sales Invoice ထုတ်ပြီး Stock Update လုပ်လိုက်သည်နှင့် လက်ကျန်ပစ္စည်းအရေအတွက်ကို အလိုအလျောက် ပြောင်းလဲပေးပါသည်။
ထို့ကြောင့်
- ဘယ်ပစ္စည်း ဘယ်လောက်ရောင်းပြီးပြီ
- ဘယ်ပစ္စည်း ဘယ်လောက်ကျန်သေးလဲ
ဆိုသည်ကို အချိန်နှင့်တပြေးညီ သိရှိနိုင်ပါသည်။
Mobile Field Sales အတွက် BCN Van Sales
Distribution နှင့် Van Sales လုပ်ငန်းများတွင် Sales Team များသည် Customer Site များသို့ နေ့စဉ် သွားရောက်ရောင်းချရလေ့ရှိပါသည်။
BCN Van Sales Module ဖြင့် Field ထဲမှ တိုက်ရိုက် အရောင်းပြုလုပ်နိုင်သောကြောင့် ရုံးသို့ပြန်ရောက်မှ ပြေစာများ ပြန်လည်ရိုက်သွင်းရသည့် အလုပ်များကို လျှော့ချပေးနိုင်ပါသည်။
Data အပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ချပါ
လက်ရေးပြေစာက လုပ်ငန်းလည်ပတ်ဖို့ အထောက်အကူပေးနိုင်ပေမယ့် Business Growth အတွက် လိုအပ်တဲ့ Data Insight များကို မပေးနိုင်ပါဘူး။
ယနေ့ခေတ် Trading လုပ်ငန်းများအတွက်
- Stock ကို သိရမယ်
- Cost ကို သိရမယ်
- Profit ကို သိရမယ်
- Sales Performance ကို သိရမယ်
ပြီးတော့ ဒီအချက်အလက်တွေကို အချိန်မီ ရရှိနိုင်ဖို့ လိုအပ်ပါတယ်။
ERPNext + BCN Van Sales က အရောင်းပြေစာထုတ်ပေးတဲ့ စနစ်တစ်ခုတည်း မဟုတ်ဘဲ Business Data ကို အခြေခံပြီး ဆုံးဖြတ်ချက်ချနိုင်တဲ့ Management Platform တစ်ခု ဖြစ်ပါတယ်။
လက်ရေးပြေစာကနေ Digital Business ဆီသို့
လုပ်ငန်းကြီးလာတာနဲ့အမျှ Manual Process တွေဟာ အကန့်အသတ်တစ်ခု ရှိလာပါတယ်။
လက်ရေးပြေစာများ၊ Spreadsheet များနှင့် Manual Tracking များအစား ERPNext နှင့် BCN Van Sales ကို အသုံးပြုပြီး Sales, Stock, Costing နှင့် Accounting ကို စနစ်တကျ ချိတ်ဆက်စီမံနိုင်ပါသည်။
ပြေစာဖွင့်တာ မြန်ရုံမဟုတ်ဘူး။ လုပ်ငန်းကို ပိုမိုမြင်နိုင်ဖို့ လိုပါတယ်။
Business Owner တစ်ယောက်အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ လိုအပ်တဲ့ Data တွေကို အချိန်မီ ရရှိနိုင်ခြင်းက စနစ်ကောင်းတစ်ခုရဲ့ တန်ဖိုးအမှန် ဖြစ်ပါတယ်။
San Thida
Founder and Business Development Director @ Business Centric Network
No comments yet. Login to start a new discussion Start a new discussion