Stock ရှိတာနဲ့ ရောင်းလို့ရပြီလား
ERPNext က Sales Order Commitment နဲ့ Stock Reservation ကို ချိတ်ဆက်ထိန်းချုပ်ပေးနိုင်တာကြောင့် Overselling မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
ERPNext နဲ့ Stock Reservation — Customer Commitment ကို ကာကွယ်နိုင်ခြင်း Trading နဲ့ Distribution လုပ်ငန်းတွေမှာ အများဆုံး ဖြစ်တတ်တဲ့ အခက်အခဲတစ်ခုက Stock ရှိတယ်ဆိုတာနဲ့ ရောင်းလို့ရတယ်လို့ ထင်ခြင်း ဖြစ်ပါတယ်။ Customer တစ်ယောက်က အမှာစာတင်ထားပြီးသားပစ္စည်းကို Available Stock လို့ ထင်ပြီး အခြား Customer ကို ထပ်ရောင်းမိတဲ့အခါ— • မူလ Customer ကို ပစ္စည်းမပေးနိုင်တော့ခြင်း • Delivery နောက်ကျပြီး Customer နဲ့ နားလည်မှုလွဲခြင်း • Customer ယုံကြည်မှု လျော့ကျပြီး ဆုံးရှုံးနိုင်ခြင်း • လုပ်ငန်းရဲ့ Service Quality နဲ့ Reputation ထိခိုက်နိုင်ခြင်း
စတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ERPNext က ဘယ်လို ကာကွယ်ပေးနိုင်သလဲ ERPNext မှာ Stock ရှိ/မရှိ တစ်ခုတည်းကို မကြည့်ပါဘူး။ Sales Order တွေ၊ လက်ရှိ Stock နဲ့ အခြား Stock Requirement တွေကို ချိတ်ဆက်ပြီး Projected Quantity ကနေ ပစ္စည်းအခြေအနေကို ပိုမိုရှင်းလင်းစွာ သိနိုင်ပါတယ်။ ဥပမာ • လက်ရှိ Stock — 100 Pcs • Sales Order မှာယူထားပြီး — 80 Pcs
ဒီအခြေအနေမှာ Stock 100 Pcs ရှိတယ်ဆိုပေမယ့် အမှန်တကယ် ရောင်းလို့ရနိုင်တဲ့ Available Quantity က 20 Pcs ပဲ ဖြစ်ပါတယ်။ ERPNext က ဒီ Commitment တွေကို ထည့်သွင်းတွက်ချက်ပေးနိုင်တာကြောင့် Customer Commitment မလွဲချော်အောင် ကာကွယ်နိုင်ပါတယ်။
Stock Reservation Feature လိုအပ်တဲ့ Process အလိုက် ERPNext မှာ Stock Reservation ကို အသုံးပြုပြီး Sales Order အတွက် Stock ကို Reserve လုပ်ထားနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်— • Sales Order အလိုက် Stock Requirement ကို သိနိုင်မယ် • Available / Projected Stock ကို ပိုတိကျစွာ စောင့်ကြည့်နိုင်မယ် • Order အတွက် Stock ကို Reserve လုပ်ထားနိုင်မယ် • Sales နဲ့ Inventory Team ကြား Information တစ်နေရာတည်းကနေ မြင်နိုင်မယ်
• Customer Commitment ကို တိကျစွာ ဆုံးဖြတ်နိုင်မယ်
အကျဉ်းချုပ်
Stock ရှိရုံနဲ့ မလုံလောက်ပါ။ ဘယ် Stock က ရောင်းလို့ရသေးလဲဆိုတာ သိဖို့ လိုအပ်ပါတယ်။ ERPNext ကို အသုံးပြုပြီး Sales Order Commitment, Stock Reservation နဲ့ Inventory Control ကို စနစ်တကျ ထိန်းချုပ်နိုင်ပါသည်။
ဆွေးနွေးလိုပါသလား BCN မှာ Trading, Wholesale နဲ့ Distribution လုပ်ငန်းတွေ အတွက် ERPNext ကို ကိုက်ညီအောင် စနစ်တကျ အသုံးချနိုင်ဖို့ အကူအညီပေးနေပါတယ်။ 📧 Email: info@bcncl.com 📞 Viber / Phone: +95 9 977 160 671 🤝 BCN — Your Trusted Frappe Partner in Myanmar
San Thida
Founder and Business Development Director @ Business Centric Network
No comments yet. Login to start a new discussion Start a new discussion